နျူကလီးယား မတော်တဆမှုကြောင့် ဘယ်သူမှ ၀င်ခွင့်မရှိတော့တ‌ဲ့ မြို့တော်ကြီး

//s9.kh1.co/b3/b3dbd96f3677fd58fd71a1430e24ea78603ddf44.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

၁၉၈၆ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံ ချာနိုဘိုင်းဆိုတဲ့ စက်ရုံကြီး နျူကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ စက်ရုံကြီးဟာ Pripyat မြို့မှာတည်ရှိပြီး ဒီမြို့လေးကို ၁၉၇၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့သိရပါတယ်။ စတင်တည်ထောင်စဉ်တုန်းက လူဦးရေ ၅၀၀၀၀ ခန့်နေထိုင်ကြတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/32/32744c0ada40a01889e16ef579d33939b8fb68b9.jpg
https://s9.kh1.co/__image/w=636,h=424,q=100/6e/6eda434f85240b2349d7a2432180ce97528cd341.jpg

ဒါပေမယ့်လည်း နျူကလီးယား မတော်တဆမှုတစ်ခု အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် မြို့မှာ နေထိုင်တဲ့ လူတွေအားလုံး အသက်လုပီး စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီမြို့ကြီးဟာ လူသူလုံးဝမရှိပဲ တိတ်ဆိတ်ခြောက်ကပ်တဲ့နေရာကြီး တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း စွန့်ပစ်ခံမြို့ကြီး တစ်မြို့ဖြစ်နေတုန်းပါပဲ။ ‌အဲ့ဒီမြို့ကို သွားရောက်လည်ပတ်တဲ့ တချို့သူတွေရဲ့အဆိုအရ ဒီမြို့ကြီးမှာ နျူကလီးယားမတော်တဆမှုကြောင့် သေဆုံးသွားတဲ့ သူတွေရဲ့ ဝိဉာဉ်တွေကိုတွေ့ရှိခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။

https://s9.kh1.co/__image/w=636,h=424,q=100/0a/0a4d01e86ee4d0be88175f98c86c28f729c549f8.jpg
https://s9.kh1.co/__image/w=650,h=441,q=100/6f/6f1665f509e538ceaa3102ccdefef2cc77f1c8d1.jpg

နောက်ပိုင်းမှာတော့ ယူကရိန်း အစိုးရဟာ ဒီနေရာကြီးကို တားမြစ်နယ်မြေတစ်ခု အဖြစ်ပြုလုပ်လိုက်ပြီး ဘယ်သူမှမဝင်ရဘူးလို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စွန့်စားသွားလာတဲ့ လူတချို့ကတော့ ဒီမြို့တော်ကြီးထဲကို ခိုးဝင်လာပြီး သရဲရှာဖွေရေးတွေကို ယနေ့တိုင် ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ ချာနိုဘိုင်းမြို့ရဲ့ ဒီဖြစ်စဉ်ကိုလည်း Series ထွက်ရှိထားပြီး တကယ်ကြည့်ကောင်းတဲ့ကားတစ်ကားဆိုလည်း မမှားသလို ဗဟုသုတလည်းရတာကြောင့် မကြည့်ရသေးရင် ကြည့်လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/85/854a866aa5bca5dee5c53f3b11ddd65d4716b505.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ad/adc2e0c274af8b7791aacb3ec04431a61771bb1d.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T