ဂုဏ်သတင်းကြီးမားလှတဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ယခုနှစ်ဝါတွင်းကာလမှာလူသူရှေ့အပူဇော်ခံထွက်လာခဲ့ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကို အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်သူများလည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိခဲ့ပါတယ်။ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဆရာတော်ကြီးရဲ့ အစ်မတော် အဖွားကြည်လည်းဖူးမြော်ခဲ့သလို ဆရာတော်ကြီးလူဝတ်ကြောင်ဘဝက ဇနီးတော်စပ်ခဲ့သော အဖွားဒေါ်စိန်မေလည်း လာရောက်ဖူးမြော်ခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ တပည့်ဖြစ်တဲ့ ဗောဓိရိပ်ငြိမ်တောရ ဆရာတော်ကလည်းဆရာတော်ကြီးကို လာရောက်ဖူးမြော်ခဲ့ပါတယ်။
မဟာဗော်ဓိမြိုင်ဆရာတော်ကြီးဟာ ဗောဓိရိပ်ငြိမ်တောရ ဆရာတော်ကို ယခင်က ၇ ကြိမ်အဖူးတွေ့ခံခဲ့ပြီး နာရီပေါင်း ၇၂ နာရီကြာ တရားဓမ္မများကို သင်ကြားဆုံးမပေးခဲ့တယ်လို့ သိရှိရပါတယ်။ဆရာတပည့်ဖြစ်တဲ့ ဗောဓိဆရာတော်ကြီး ၂ ပါးရဲ့ တွေ့ဆုံမှုဟာ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းလှတာကြောင့် ပရိတ်သတ်များအတွက် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။