ဘဝမှာ လုံးဝလုံးဝ မပတ်သက်သင့်သော လူ ၆ မျိုးအကြောင်း

//s9.kh1.co/d2/d24b01692fcd7fd8e5b4b8280a4febffc61bc258.png
ဗဟုသုတအဖြာဖြာ

 ၂၆-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဘဝမှာ လုံးဝလုံးဝ မပတ်သက်သင့်သော လူ ၆ မျိုးအကြောင်း

လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပုံစံမတူကြသလို စိတ်နေစိတ်ထားလည်း မတူကြပါဘူး။လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့စကားပုံံကိုလည်း အားလုံးကြားဖူးကြမှာပါ။

ကိုယ်ဘဝကောင်းမွန်စွာရှင်သန်ဖို့အတွက်ဆိုရင် ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကိုယ့်ဘဝမှ လုံးဝလုံးဝ မပတ်သက်သင့်တဲ့ လူ ၆ မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

1. The Narcissist

ဒီလိုလူမျိုးကတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းသမားတွေဖြစ်သလို သူများအတွက် စဥ်းစားပေးတဲ့ ကိုယ်ချင်းစာစိတ်ဆိုတာလည်း မရှိသလောက် နည်းပါးတဲ့သူဖြစ်ပါတယ်။နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ဘဝင်မြှင့်တယ်လို့ပဲပြောရမလား သူဟာ အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အတော်ဆုံးလို့ ယုံကြည်ကြတတ်တဲ့ လူမျိုးဖြစ်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

2. The Controller

ဒီလိုလူမျိုးကတော့ သူကပဲ ပတ်ဝန်းကျင်မှာရှိတဲ့ အရာရာအားလုံးကို ချုပ်ကိုင်ထားချင်တဲ့သူဖြစ်ပါတယ်။တစ်နည်းအားဖြင့်တော့ ဆရာကြီးလုပ်ချင်သူပါ။သင်ဟာ သူ့အနားရောက်သွားရင်တော့ ဘာမှမလုပ်နိုင်တဲ့သူတစ်ယောက်လို ခံစားရပါလိမ့်မယ်။

Photo Credit - Google
Photo Credit - Google

3. The Drama Magnet

သူကတော့ အားလုံးပြောနေကျစကားတစ်ခွန်းဖြစ်တဲ့  အမြဲတမ်း Drama ခင်းတဲ့သူဖြစ်ပါတယ်။သူတို့က ကိုယ့်အပေါ်အမှားပြုလုပ်ရင်တောင် သူတို့က အမြဲနစ်နာသူလို့ဆိုပြီး Drama ပြန်ခင်းတတ်တဲ့လူစားမျိုးမို့ သင့်အနေနဲ့ ဝေးဝေးက ရှောင်သင့်ပါတယ်။

Photo Credit - Google
Photo Credit - Google

4. The Energy Vampire

ဒီလူမျိုးကတော့ သင့်မှာရှိတဲ့  Energy မှန်သမျှကို အသုံးချကာသင့်ကိုထားသွားပြီး စိတ်ပျက်အောင်လုပ်တဲ့လူစားမျိုးဖြစ်ပါတယ်။နောက်ပြီးတော့ သူတို့ဟာ သူတစ်ပါးကို အပြစ်တင်ဝေဖန်တဲ့နေရာမှာလည်း ဆရာကြီးတစ်ဆူဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

5. The Compulsive Liar

ဒီလူစားမျိုးကတော့ မိသားစု၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတမ်းအဖြူရောင်မုသားစကားပြောပြီး ကြိုးကိုင်ချယ်လှယ်တဲ့ လူစားမျိုးဖြစ်တာကြောင့် ဝေးဝေးရှောင်ကြဥ်သင့်ပါတယ်။

Photo Credit - Google
Photo Credit - Google

6.The Green-eyed

 သူတစ်ပါးရဲ့ အောင်မြင်မှုတွေ၊ဝမ်းသာစရာ ကိစ္စတွေကို ဝမ်းမသာပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။တစ်နည်းအားဖြင့်တော့ သူတစ်ပါးအပေါ် မနာလိုမုန်းတီးစိတ်များတဲ့သူတွေ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T