အလေ့အကျင့်ဆိုးများကြောင့် ဦးနှောက်တစ်ဝက်တိတိ ဖြတ်ထုတ်လိုက်ရသူ

//s9.kh1.co/f5/f592de27e1c059da05ef3ec57a424257cab14b08.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

အလေ့အကျင့်ဆိုးများကြောင့် ဦးနှောက်တစ်ဝက်တိတိ ဖြတ်ထုတ်လိုက်ရသူ

မစ္စတာ Austin လို့ခေါ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန် လူမျိုး အမျိုးသားတစ်ယောက်ဟာ သာမန်လူတွေလုပ်နေကြအတိုင်း လုပ်ရပ်တွေကို အလွံအကျွံလုပ်မိခဲ့ရာမှ ဦးခေါင်းခွံအပါအဝင် ဦးနှောက်ကြီးတစ်ခုလုံး ဖြတ်ထုတ် လိုက်ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ကြီးတစ်ခုက Austin ရဲ့ ဘဝကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

Google
Google

မစ္စတာ Austin ဟာ အလုပ်လုပ်နေရင်း ရုတ်တရက်လေဖြတ်ကာ ဦးနှောက်သွေးယိုစီးမှု ဖြစ်ခဲ့ပါတယ်။ ၅ နာရီကြာတဲ့အထိ ခွဲစိတ်မှုလုပ်ဆောင်ခဲ့ရပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲအဖြစ် ဝက်ရူးပြန်ရောဂါ နှင့် ဦးနှောက်ရောင်ရမ်းခြင်းတွေဖြစ်လာပြီး မကြာခဏ အသေးစားခွဲစိတ်မှုတွေလုပ်ဆောင်ခဲ့ရပါတယ်။ လ အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဦးခေါင်းခွံအပါအဝင် ဦးနှောက်ကြီးတစ်ခုလုံးပါ တစ်ဝက်တိတိ ဖြတ်ထုတ် ပစ်လိုက်ရပါတယ်။ အသက်ရှင်သန်နေပေမယ့် Wheel Chair နဲ့သာ သွားလာလို့ရပြီး လှုပ်ရှားမှုများစွာကိုလည်း သာမန်လူကောင်းတွေလိုမျိုး မလုပ်ဆောင်နိုင်တော့ပါဘူး။

Google
Google

အခုလို ဆိုးဆိုးရွားရွားတွေဖြစ်ခဲ့ရတာက Austin နေ့စဉ်နေ့တိုင်း စွဲလမ်းစွာ လုပ်ဆောင်နေတဲ့ အလေ့အကျင့်ဆိုးတွေကြောင့်လို့ သိရပါတယ်။ Austin ဟာ ကဖိန်းဓာတ်ပါဝင်တဲ့အရာတွေကို သောက်သုံးရတာ စွဲလမ်းတဲ့သူဖြစ်ပါတယ်။ အလုပ်ဖိအားအရမ်းများတဲ့သူ ဖြစ်တာကြောင့် နေ့စဉ်နေ့တိုင်း လန်းဆန်းနေစေဖို့ စွမ်းအားဖြည့် အချိုရည်တွေကို သောက်သုံးလေ့ရှိတယ်လို့လည်း သိရပါတယ်။

Google
Google

နောက်ပိုင်းမှာ စွမ်းအားဖြည့်အချိုရည်တွေကို အရမ်းစွဲလမ်းလာပြီး အလွံအကျွံသောက်မိရာကနေ အခုလိုမျိုး ဦးခေါင်းကြီးတစ်ဝက်တိတိ  ဖြတ်ထုတ် လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ တော်တော်ကြောက်ဖို့ကောင်းတာပဲနော်။ တန်ဆေး၊ လွန်ဘေး ဆိုသလိုပေါ့။ ဘယ်အရာမှ အလွန်အကျွံလုပ်တာ မကောင်းပါဘူး။ စွမ်းအားဖြည့်အချိုရည်တွေ ကဖိန်းဓာတ်များတာတွေ သောက်တော့မယ်ဆို သတိထားပြီးသောက်ကြပါနော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T