တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ကာ သာမန်အရပ်သားချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ ဂျပန်တော်ဝင်မင်းသမီး Mako

//s9.kh1.co/c7/c7bb497b301bd6bccbb4636e4cf5f844d24a1e41.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဘုရင့်ထုံးတမ်းအစဉ်အလာအရ မင်းသမီး Mako ဟာ လက်ထပ်ပြီးတဲ့အခါမှာ နန်းတွင်းကနေထွက်ခွာပြီး သာမန်အရပ်သား တစ်ယောက်........

ပြည်သူတွေ စိတ်ဝင်တစားနှစ်ရှည်ကြာစောင့်ကြည်နေခဲ့တဲ့ မင်းသမီး Mako နဲ့ သူ့ရဲ့ တက္ကသိုလ်ကျောင်းနေဘက်ဟောင်း Komuro Kei တို့ဟာ သူတို့နှစ်ဦးရဲ့ အချစ်ခရီးက မဖြောင့်ဖြူး ခက်ခဲခဲ့ပြီး နှစ်ပေါင်းများစွာလက်ထပ်ဖို့ ကြန့်ကြာခဲ့နေခဲ့တာပါ။ ဒါပေမယ့် ယမနေ့ အောက်တိုဘာလ (၂၆) ရက်မှာပဲ အသက် (၂၉) နှစ်ရှိမင်းသမီး Mako Naishinnō ဟာ သူမရဲ့ချစ်သူ Kei Komuro နဲ့ လက်ထပ်လိုက်တာပဲ ဖြစ်ပါတယ်။

 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - The Japan New 
 Photo Credit - The Japan New 
 Photo Credit - The Japan New 
 Photo Credit - The Japan New 

ဂျပန်ဘုရင့်ထုံးတမ်းအစဉ်အလာအရ မင်းသမီးဟာ အရပ်သားနဲ့လက်ထပ်ရင် မင်းသမီးဘွဲ့ကိုစွန့်လွှတ်ရပါတယ်။ ဒီခေတ်ကြီးမှာ အချစ်အတွက် ဒီလိုစွန့်လွှတ်ရဲတာဟာ တကယ်ကို အံ့ဩစရာ ဖြစ်ရပ်ပါ။ ဒါဟာ တော်ဝင် မင်းသမီးတစ်ပါးအနေနဲ့ အရမ်းကြီးမားတဲ့ စွန့်လွှတ်၊ စွန့်စားမှုတစ်ခုပါပဲ။ မင်းသမီး အနေနဲ့ သူ့ချစ်သူအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ စွန့်စားပြီး တစ်သက်စာ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ 

 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN

အိမ်ရှေ့မင်းသား နဲ့ ကြင်ယာတော် Akishino မောင်နှံတို့ရဲ့ သမီးအကြီးဆုံး ဖြစ်တဲ့ မင်းသမီး Mako ဟာ နန်းစွန့် ဧကရာဇ်ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ရဲ့ ပထမဦးဆုံး မြေးဖြစ်ပါတယ်။ မင်းသမီး Mako ဟာ လက်ထပ်ပြီးတဲ့အခါမှာ နန်းတွင်းကနေထွက်ခွာပြီး သာမန်အရပ်သား တစ်ယောက်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

 Photo Credit - The Japan New
 Photo Credit - The Japan New
 Photo Credit - The Japan New 
 Photo Credit - The Japan New 
 Photo Credit - NIPPON TV NEWS 24 JAPAN
 Photo Credit - NIPPON TV NEWS 24 JAPAN

လက်ထပ်မယ့်စုံတွဲတို့ဟာ ဒီကနေ့ အောက်တိုဘာ ၂၆ ရက် ဒေသန္တရအုပ်ချုပ်ရေးရုံးမှာ သူတို့ရဲ့ထိမ်းမြားလက်ထပ်မှု မှတ်ပုံတင်စာရင်း လျှောက်လွှာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၆ ရက်ဟာ ဂျပန့်ရိုးရာပြက္ခဒိန်အရ ကံအကောင်းဆုံးနေ့လို့ မှတ်ယူထားပါတယ်။ လျှောက်လွှာတင်သွင်းပြီးတဲ့ မင်္ဂလာမောင်နှံဟာ မွန်းလွဲပိုင်းကျရင် တိုကျိုက ဟိုတယ်တစ်ခုမှာ မီဒီယာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါသေးတယ်။ 

Source : NHK WORLD - JAPAN

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T