ဖေဖေနဲ့အတူ ကစားကွင်းကိုလိုက်ပြီး ဘက်တံလေးကိုသေချာကိုင်ကာ ပျော်ရွှင်စွာ Tennis ဆော့ကစားနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ဗီဒီယို

//s9.kh1.co/45/45d2895fdc10e48939daafdef9d461a3d37518fd.jpg
အနုပညာရှင်များ

 ၂၆-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အဆိုတော် စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်သောသမီးလေး ထရက်ရှာလေးကတော့ တစ်နေ့တခြား မျက်စိအောက်ကနေ အရွယ်လေး ရောက်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုမိုရလာတာ တွေ့ရပါတယ်။ တစ်ခါတလေ မေမေစန္ဒီမြင့်လွင် နဲ့အတူ ကြော်ငြာလေးတွေ ရိုက်ကူးနေရင်လည်း လူကြီးလေးလို အိုင်တင်လေးတွေလုပ်ပြတတ်တာကတော့ အသည်းယားစရာ ကောင်းလောက်ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဖေဖေမေမေတို့ရဲ့ အသည်းတစ်ခြမ်းဖြစ်တဲ့ ထရက်ရှာလေးကတော့ လက်ရှိမှာ အသက်(၂)နှစ်အရွယ်တောင်ရှိနေပြီး ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း မေမေစန္ဒီမြင့်လွင် ကတော့ သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေ အသည်းယားအောင် လူမှုကွန်ယက်ပေါ်မှာ ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း မေမေစန္ဒီမြင့်လွင်က ထရက်ရှာလေးရဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဒီတစ်ခါမှာတော့ ထရက်ရှာလေးက ဖေဖေနဲ့အတူ Tennis ကစားကွင်းကို လိုက်သွားပြီး ကွင်းထဲမှာ ဆော့ကစားနေတာ ဖြစ်ပါတယ်။ လူကြီးလေးလို ဘက်တံလေးကိုင်ပြီး ဖေဖေနဲ့ ဆော့ကစားနေတာကတော့ အသည်းယားစရာကောင်းလောက်ပါတယ်။ မေမေ စန္ဒီမြင့်လွင်ကတော့ ထရက်ရှာလေး Tennis ကစားဖို့အတွက် တစ်ပါတ်တစ်ခါလောက် ကစားကွင်းကို ခေါ်သွားပြီး အစပြုနေတယ်လို့ ပြောပြထားတာလည်း တွေ့ရပါတယ်။ ထရက်ရှာလေးတို့ သားဖနှစ်ယောက်ရဲ့ Tennis ဆော့ကစားနေတဲ့ ရုပ်သံကို ပရိသတ်တွေ ချစ်အားပိုအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Sandy Myint Lwin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T