ရန်ကင်းမြို့နယ်မှာ စွန့်ပစ်သွားတဲ့ မွေးကင်းစ သားငယ်လေးကို ညတွင်းချင်း ခေါ်ယူစောင့်ရှောက်ခဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

//s9.kh1.co/4f/4fefa1bcd60f9813f44e73f11ccf72f8801bd058.jpg
အနုပညာရှင်များ

 ၂၆-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မွေး မွေးပြီးချင်း သားငယ်လေး တစ်ယောက်ကို ချက် တောင်မခြောက်သေးပဲ ........

အောက်တိုဘာလ ၂၅ ရက်ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဉ္ဓူ (၂) လမ်းတွင်မွေးကင်းစ ကလေးငယ်လေးတစ်ယောက်ကို လာရောက်စွန့်ပစ်သွားခဲ့ပါတယ်။ မွေးကင်းစကလေးငယ်လေးကို မွေးမွေးချင်းပုံစံလေးအတိုင်း စွန့်ပစ်ခံရမှုကို ရပ်ကွက်နေသူတွေက သရုပ်ဆောင် ခိုင်နှင်းဝေကိုအကြောင်းကြားခဲ့ပြီး ညတွင်းချင်းခေါ်ယူစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

"မွေး မွေးပြီးချင်း ပဲ..ချက် တောင် မခြောက်သေးဘူး ကလေးရယ်....ခဏလေးတော့ ပွေ့ပြီး နမ်းရင် နမ်းလိုက်မှာပါ....ဖိုက်တင်းပါ သားရေ" ဆိုပြီး ပရဟိတမင်းသမီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။ ကလေးလေးက မွေးကင်းစပဲရှိသေးတာတောင် ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းနေတာပါ။ ပရိသတ်တွေကလည်း ကလေးလေး ကံကောင်း ကျန်းမာ ပါစေဆိုပြီး ဝိုင်းပြီးဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

"ရန်ကင်း (၈)ရပ်ကွက်၊မဉ္ဓူ (၂)လမ်း ထဲမှာ မွေးကာစ သားငယ်လေး တစ်ယောက် စွန့်ပစ်သွားကြောင်း ရပ်ကွက်မှ လူများ အကြောင်းကြားလာပါတယ်ရှင်...အဖိတ်အစင် မဖြစ်ပဲ အကောင်းတိုင်းတွေ့တဲ့ အတွက် ကံကောင်းတဲ့ သားလေးဖြစ်ပါတယ်...ဒီထက်မက ကံကောင်းပါစေလိုလဲ မျှော်လင့်မိပါတယ်ရှင်.." ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ကြည်နူးစွာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=508,h=698,q=100/57/5728ab757f54f29405b911a20c8ce05342a0e97d.jpg

Source : Khine Hnin Wai's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T