ယနေ့ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာမည်ဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

//s9.kh1.co/2a/2ac792c41edede0091c946d40300e50a70f26b1b.jpg
နေ့စဉ်သတင်းများ

 ၂၆-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

အာဆီယံ အစည်းအဝေးကနေ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာတော့မှာလား.... (အပြည့်အစုံဖတ်ရန် ပုံ ကို နှိပ်ပါ)

ယနေ့ အောက်တိုဘာ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  အာဆီယံ-အမေရိကန် အွန်လိုင်းအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင် တက်ရောက်မယ်လို့ ဘရူနိုင်းနိုင်ငံရှိ အမေရိကန်သံရုံးက ရိုက်တာသတင်းဌာနသို့ပြောကြားလာခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင် ဟာ အာဆီယံ-အမေရိကန် အစည်းအဝေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း ယင်းသံရုံးကဆိုလာပါတယ်။

Photo Credit From Google
Photo Credit From Google

အဆိုပါ အာဆီယံ-အမေရိကန် အစည်းအဝေးဟာ  အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အပြင် ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံများနှင့်ပတ်သက်တဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

Photo Credit From Google
Photo Credit From Google

အဆိုပါ အာဆီယံ-အမေရိကန် အစည်းအဝေးကို ဂျိုးဘိုင်ဒင်က အွန်လိုင်းမှတက်ရောက်မှာဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံရှိ အမေရိကန်သံရုံးက ရိုက်တာသတင်းဌာနသို့ ဖြေကြားထားခဲ့တဲ့အပြင် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ယမန်နေ့ အောက်တိုဘာ(၂၅)ရက်နေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးတို့ကြား စစ်ကောင်စီအပေါ် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသေးတယ်လို့ ကြားသိရပါတယ်။

Photo Credit From Zin Mar Aung
Photo Credit From Zin Mar Aung
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T