ဗို့အား ၁သောင်းကျော်ရှိတဲ့ လျှပ်စစ်ဓာတ်အား သင့်ခံခဲ့ရပေမယ့် အသက်မဆုံးရှုံးခဲ့သူ

//s9.kh1.co/bb/bbe8a8af2210c31e1fc2e314540539d78e592891.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီအမျိုးသားကတော့ အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာနေထိုင်တဲ့ အသက် 31 နှစ်အရွယ် Matt Manzari ပဲဖြစ်ပါတယ်။ ဖြစ်ပုံအစကတော့ Matt Manzari ဟာ ဘုရားကျောင်းတစ်ခုမှာ သတ္တုတွေနဲ့ပြုလုပ်ထားတဲ့ ထရပ်ကားတစ်စီးရဲ့ အမိုးပေါ်တက်ပြီး သစ်ပင်အချို့ရဲ့ ထိပ်ပိုင်းကို ဖြတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဲ့အချိန်မှာပဲ အနီးနားမှာရှိတဲ့ ဓာတ်အားလိုင်းကနေ သူရဲ့ခန္ဓာကိုယ်ထဲကို ဗို့အား 14000 လောက်ရှိတဲ့ လျှပ်စစ်ဓာတ်အားဖြတ်စီးတာကိုခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/9a/9a97f2f2e83c796edb094591faeaceab5c917e4d.jpg
https://s9.kh1.co/__image/w=640,h=640,q=100/dc/dcefebf6287fa22b2e56a7cc1e2f2614844781a9.jpg

ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ကြွက်သားတွေ အရွတ်တွေဟာ လောင်ကျွမ်းသွားခဲ့ပြီး အသားတွေလည်း အရေပျော်သလိုဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့ ခန္ဓာကိုယ် 25 ရာခိုင်နှုန်းလောက်ဟာ လောင်ကျွမ်းလောင်သွားခဲ့ပြီး ရင်ဘတ်မှာဆို နံရိုးတွေတောင် ပေါ်လုနီးနီးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်မောင်းက အသားတွေဟာဆိုရင်လည်း ပျော်ကျသွားခဲ့ပြီး ကြွက်သားတွေပါ သေသလိုဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/72/7236a52c2ec1eee5390c24963c13090c8f96c3f7.jpg
https://s9.kh1.co/__image/w=650,h=648,q=100/e4/e44d34c3c9778498d083d34d2c4cb8309dfe4efd.jpg

Matt Manzari ဟာ ဒီဖြစ်ရပ်ကြောင့် ရှင်လျက်နဲ့ ဘဝသေသလို ဖြစ်ခဲ့ရပေမယ့်လည်း သူ့ဘဝကို အရှုံးမပေးခဲ့ပါဘူး။ Matt ဟာဆေးကုသမှုတွေကို ဂရုတစိုက်ခံယူခဲ့ပြီး လေ့ကျင့်ခန်းတွေကိုလည်း ကြိုးစားပြုလုပ်ခဲ့တဲ့နောက်မှာ အခုဆိုရင် လူကောင်းတစ်ယောက်နီးပါးလောက်ကို ပြန်လည်ကျန်းမာနေပြီပဲဖြစ်ပါတယ်။ ဘယ်လောက်ဆိုးရွားတဲ့ ဒုက္ခတွေ အန္တရာယ်တွေပဲ ကြုံတွေ့ခဲ့ကြုံတွေ့ခဲ့ Matt လို စိတ်ဓာတ်မကျပဲ အားတင်းပြီးသားဖြတ်ကျော်မယ်ဆိုရင် တစ်ချိန်မှာအောင်နိုင်မယ်ဆိုတာကို သိစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=306,h=425,q=100/e3/e333dc6e2054e24a9038e920dafb2bc36734755f.jpg

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T