မြေပဲပင်တစ်ပင်တည်းကနေ အတောင့်ရေ(၇၀၀)ကျော် ဥထားတဲ့ တောင်သာမြို့နယ်က ထူးထူးခြားခြား ဖြစ်ရပ်လေး

//s9.kh1.co/77/776835d0a3ea2acf75f1b22418e873b6712fdb3c.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီကနေ့မှာတော့ မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်အတွင်းရှိ ချောက်ခွရွာမှာ မြေပဲတစ်ပင်ရဲ့ မယုံနိုင်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခု လူမှုကွန်ယက်မှာ ပျံနှံ့လာတာ တွေ့ရပါတယ်။ ဒါကတော့ ချောင်းခွရွာက ဦးဖိုးဌေးဆိုသူရဲ့ မြေပဲခင်းကနေ ထူးထူးခြားခြား အတောင့်ရေ(၇၀၀)ကျော် ဥထားတဲ့ မြေပဲတစ်ပင်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - U Lay Gyi
Photo Credit - U Lay Gyi
Photo Credit - U Lay Gyi
Photo Credit - U Lay Gyi

ဒီလိုအတောင့်ရေ (၇၀၀) ကျော်ဥထားတဲ့ မြေပဲပင်မျိုးကို တစ်သက်နဲ့တစ်ကိုယ် မတွေ့ဘူး၊ မကြုံဖူးကြတာကြောင့် မြေပဲစိုက်ပျိုးကြတဲ့ တောင်သူများကလည်း မယုံနိုင်စရာ အံ့အားသင့်ခဲ့ကြရပါတယ်။ အဆိုပါ မြေပဲပင်ဟာ အခြားမျိုးပင်များနဲ့မတူဘဲ အလွန်းပင် ကြီးထွားသန်မာနေသလို ဥထားတဲ့ အတောင့်တွေလည်း အဆမတန်များနေတာကို တွေ့ရပါတယ်။ အတောင့်ရေအားလုံးနီးပါးကတော့ တစ်ဆံတည်းတွေများတယ်လို့ သိရပါတယ်။

Photo Credit - U Lay Gyi
Photo Credit - U Lay Gyi

တောင်သူတချို့ကတော့ အဆိုပါ မြေပဲပင်ဟာ (ကျွံ)ပင် ဖြစ်ဖို့များတယ်လို့ ယူဆထားကြတာ တွေ့ရပါတယ်။ (ကျွံ)ပင်ဆိုတာဟာ မြေပဲစိုက်ခင်းထဲက မဟုတ်ဘဲ တစ်ပင်တည်း ဖြစ်ထွန်းနေတဲ့ အပင်ပဲ ဖြစ်ပါတယ်။ တချို့အခေါ်ကြတဲ့ နောက်တစ်နည်းကတော့ အပင်ဖြစ်ထွန်းတာကိုအမှတ်မှားပြီး လာမယ့်နှစ်မြေပဲစိုက်တဲ့အခါ မဖြစ်ထွန်းဘဲ အရင်းပါဆုံးတတ်လို့ (ကျွန်)ပင်လို့လည်း ခေါ်ကြတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်လေးကိုတော့ ပရိသတ်အတွက် ဗဟုသုတအနေနဲ့ သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - U Lay Gyi
Photo Credit - U Lay Gyi

သတင်း အရင်းအမြစ်Source - U Lay Gyi

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T