မိမိအသတ်မခံရဖို့အရေး ဓါးကိုင်ပြီး စားဖိုးမှုရန်ကနေ ကာကွယ်နေတဲ့ ဂဏန်းလေးရဲ့ Video

//s9.kh1.co/09/098249a0d09e7392c38cd2fc48cf4c089b6ed7d1.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

လူတွေပဲဖြစ်ဖြစ် တိရစ္ဆာန်လေးတွေပဲဖြစ်ဖြစ် ကိုယ်အသတ်ခံရတော့မယ့် ဘေးကြုံလာရင်တော့ အသတ်မခံရအောင် အတတ်နိုင်ဆုံးကြိုးစားတတ်ကြပါတယ်။ လူတွေဆိုရင်လည်း ဦးနှောက်ဉာဏ်ရှိသလောက် လွတ်မြောက်ဖို့ ကြိုးစားကြသလို တိရစ္ဆာန်လေးတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်က ကြိုးစားတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာဆိုရင်လည်း အသတ်ခံရမယ့်ဘေးကနေ ရရာလက်နက်ဆွဲကိုင်ပြီး တွန်းလှန်နေတဲ့ ဂဏန်းလေးတစ်ကောင်ရဲ့ ဗီဒီယိုကို ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/7f/7f702c901b744159ddad38282b55da6e3d1cada0.webp
https://s9.kh1.co/__image/w=600,h=336,q=100/5f/5f6d21b18b8beef7b6390aa1d5367f323a968b43.webp

ဒီဂဏန်းလေးဟာ သူ့ကိုသတ်ပြီး ဟင်းချက်တော့မယ့် စာဖိုမှူးရဲ့လက်ကနေလွတ်ဖို့ သူ့ရဲ့လက်မတွေကြားမှာ ဓားကိုညှပ်ပြီး တွန်းလှန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ စာဖိုးမှူးက သူ့ကိုလိုက်လံဖမ်းယူဖို့ ကြိုးစားပေမယ့်လည်း ဂဏန်းလေးဟာ ဓားကိုကိုင်မြှောက်ပြီး အနောက်ကို တဖြေးဖြေးဆုတ်ကာ စာဖိုမှူးရဲ့လက်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တာပါ။ ဒီဂဏန်းလေးဟာ သူဒီနေ့မဟုတ်ရင်တောင် နောက်နေ့ကြ ချက်စားခံရမှာသေချာပေမယ့်လည်း မသေခင်လေးမှာ ရရာလက်နက်ဆွဲကိုင်ပြီး အသက်ရှင်ဖို့အတွက် ကြိုးစားသွားခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=603,h=324,q=100/14/14eb0cc5631651ae74647828853aa7b47c238bb7.png

စဉ်းစားဉာဏ်နည်းတဲ့ တိရစ္ဆာန်လေးတစ်ကောင်ဆိုပေမယ့် မိမိအသက်ကိုရန်ရှာလာရင်တော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ်တတ်နိုင်သလောက် တွန်းလှန်တိုက်ခတ်သွားတဲ့ ဂဏန်းလေးကိုကြည့်ရတာ သနားစရာကောင်းပေမယ့် သူ့ရဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲ။ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကိုကြည်ပြီး တစ်ခုခုတော့ ခေါင်းထဲပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာတော့ ဂဏန်းလေးရဲ့ ရုပ်သံကို ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Daily Express

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T