အံ့ဩသင့်စရာ‌ ကောင်းလောက်အောင် မိကျောင်းကြီးတစ်ကောင်ကို အသာလေး မြိုချခဲ့တဲ့ မြွေကြီးရဲ့ရုပ်သံ

//s9.kh1.co/88/888be2fa3072c3a585985935fb104deb2537f9b4.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မိကျောင်းတွေဆိုတာဟာ ရေထဲမှာဆိုရင် အင်အားကြီးလှတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး သူတို့ကို တိရိစ္ဆာန်အချင်းချင်း ပြန်တိုက်ခိုက်ဖို့ဆိုတော ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အင်အားကြီးတဲ့ တိရစ္ဆာန်ပါစေ ကိုယ့်ထက်အင်အားကြီးတဲ့ သူနဲ့တွေ့ရင်တော့ အရှုံးပေးရစမြဲပါပဲ။ ဒါကတော့ သဘာ၀လောကတရားကြီးရဲ့ နိယာမတစ်ခုပါပဲ။

https://s9.kh1.co/__image/w=470,h=844,q=100/b1/b13474392c25e9c6111e3d8bb616c899020279ce.jpg
https://s9.kh1.co/__image/w=470,h=844,q=100/c5/c5dc010156ee193c974fdf21ef1a9a1269c53e10.jpg

မိကျောင်းတွေဟာ ဘယ်သားကောင်မဆို သူတို့ရှေ့ရောက်လာရင် ရအောင်ဖမ်းပြီး စားပစ်တတ်ပြီး ကြမ်းတမ်းလှတဲ့ တိရစ္ဆာန်တွေဆိုပေမယ့် မိကျောင်းကြီးတစ်ကောင်ကတော့ စပါးအုံးမြွေကြီးတစ်ကောင်ကို အရှုံးပေးခဲ့ရပါတယ်။ အန်နာကွန်နာ မြွေကြီးဟာ ရေဘုရင်လို့ အများသတ်မှတ်ထားတဲ့ မိချောင်းကို တိုက်ခိုက်အနိုင်ယူပြီး သူ့ရဲ့အစာအဖြစ် မိကျောင်းတစ်ကောင်လုံးကို မြိုခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=728,q=100/95/958ea4ccc590a41219bd94e1ca410d81ac4ad926.jpg
https://s9.kh1.co/__image/w=650,h=488,q=100/9a/9a8e8d2f3c55515dfb1fa2d74ffc1a17d4809a66.jpg

မြွေကြီးဟာ မိကျောင်းတစ်ကောင်လုံးကို ရစ်ပတ်ကာ သူ့ရဲ့ကြီးမားလှတဲ့ ပါးစပ်ကြီးကို ဖြဲပြီး ဖြေးဖြေးချင်းမြိုခဲ့တာ ဖြစ်ပြီး ဒီပုံတွေကို ကြည့်ရတာက အသည်းယားစရာပါပဲ။ မိကျောင်းကို ခေါင်းကနေ အမြှီးထိ ဖြေးဖြေးချင်း မြိုသွားခဲ့တာဖြစ်ပြီး တစ်ကောင်လုံးကိုမြိုပီးသွားတဲ့အချိန်မှာတော့ မြွေကြီးဟာ နေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။ သားကောင်တွေကိုစားပြီး အသက်ရှင်တဲ့ အင်အားကြီး မိကျောင်းကြီးတစ်ကောင်ဆိုပေမယ့်လည်း သူ့ထက်အင်အားကြီးမားတဲ့ မြွေကြီးနဲ့ ရင်ဆိုင်တွေ့တဲ့အခါမှာတော့ ပြန်လည်ခံစားခဲ့ရပြီဖြစ်ပါတယ်။ အောက်မှာလည်း မြွေကြီး မိချောင်းကို မြိုချတဲ့ Video ကိုလည်း ဖော်ပြလိုက်ပါတယ်။

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T