အိမ်ကွင်းမှာ မဟာပြိုင်ဘက်အသင်း လီဗာပူးလ်ကို အဆိုးရွားဆုံးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ မန်ယူ

//s9.kh1.co/67/679862dc0dced04a1e0a99c6dcd5e21478e9c270.jpg
အားကစားသတင်းများ

 ၂၅-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၂ နှစ် က

.

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၉) အဖြစ် မဟာပြိုင်ဘက်အသင်းတွေ့စုံမှုတစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုတ်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဥ်မှာတော့ ပွဲစချိန် (၅) မိနစ်မှာပဲ ကီတာက ပွဲဦးထွက် ဂိုးကို စသွင်းခဲ့သလို (၁၄) မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် ဂျိုတာက (၁)ဂိုး ထပ်မံသွင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် (၁၅) မိနစ်အတွင်းမှာပဲ ဧည့်သည် လီဗာပူးလ်အသင်းမှ (၂)ဂိုး ဦးဆောင်ဂိုးဖြင့် အသာရရှိခဲ့ပြီး (၃၈) မိနစ်နစ်နဲ့ (၄၅+) မိနစ်တွေမှာ ဆာလာရဲ့ထပ်မံ သွင်းယူလိုက်တဲ့ ဂိုးတွေနဲ့ ပထမပိုင်း အချိန်ပြီးချိန်မှာ (၄-၀)ဂိုးဖြင့် အသာစီးရရှိခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ဒုတိယပိုင်းပွဲစစချင်း (၅)မိနှစ်မှာပဲ နောက်ထပ်(၁)ဂိုးကို ဆာလာက သွင်းယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်အသင်းက စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုတ်တက်အသင်းရဲ့ အားထားရတဲ့ ကစားသမား ပေါ့ဘာကလည်း ပွဲချိန်(၆၂)မှာ အနီကဒ်နဲ့ အထုတ်ခံလိုက်ရသလို ရော်နယ်ဒိုကလည်း ကာတစ်ဂျုံးကို ခပ်ကြမ်းကြမ်း ကစားခဲ့လို့ ဒိုင်လူကြီးက အဝါကဒ်ပဲ ပြပြီး သတိပေးခံခဲ့ရပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ဒီပွဲမှာ မန်ချက်စတာယူနိုတ်တက်အသင်းဟာ အနီကဒ် (၁) ကဒ် ၊ အဝါကဒ် (၆) ကဒ်ရရှိခဲ့သလို ပေးဂိုး (၅)ဂိုးဖြင့် ဂိုးအပြတ်သက် ရှုံးနိမ့်ခဲ့ပါတယ်။ မမေ့နိုင်စရာအကောင်းဆုံး ဖျော်ဖြေပွဲတစ်ခုအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရလဒ်ကတော့ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ ယခုပွဲဟာ လီဗာပူးလ်အတွက် အမှတ်ရစရာတွေများစွာနဲ့ အဆုံးသတ်ခဲ့ပေမယ့် ဆိုးလ်ရှားအတွက်တော့ ဒီပွဲရှုံးပွဲက ပိုပြီးဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရသလို ချန်ပီယံရဲ့မျှော်လင့်ချက်တွေပါ အဆုံးသတ်ရဖို့များသွားခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

သတင်း အရင်းအမြစ်Source - Twitter

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T