သိပ်မကြာခင်မှာ တစ်ကျော့ပြန်ခြေလှမ်းအနေနဲ့ ပေါင်သန်း(၁၅၀)တန်ကြေးရှိ စာချုပ်တစ်ရပ်ချုပ်ဆိုသွားဖို့ရှိတဲ့ ဘောလုံးလောကရဲ့ ဆရာ တစ်ဆူ ဂန္တဝင် ဘောလုံးကစားသမား ဒေးဗစ်ဘက်ခမ်း

//s9.kh1.co/fc/fce5b6602be511711af4f24921509d3775d268ac.jpg
အားကစားသတင်းများ

 ၂၅-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၂ နှစ် က

သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်ရတော့မှာလား..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကာတာနိုင်ငံဟာ (၂၀၂၂) ကမ္ဘာ့ဖလားကို နိုင်ငံ့ ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ် ။ ဒါကြောင့်ကာတာနိုင်ငံဟာ လွန်ခဲ့တဲ့ (၂) နှစ်ဝန်းကျင်ကတည်းက ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်လာခဲ့တာ အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကာတာနိုင်ငံဟာ (၂၀၂၂) ကမ္ဘာ့ဖလား သံတမန်အဖြစ် ဒေးဗစ်ဘက်ခမ်းကို ပေါင်သန်း (၁၅၀) တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုသွားဖို့ရှိနေပါတယ် ။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

အားကစားလောကမှာသာမက စီးပွားရေးလောကမှာပါ  အခုအချိန်အထိ ပုံရိပ်တစ်ခု တည်ဆောက်ထားနိုင်ဆဲဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ သံတမန် အဖြစ် ခန့်အပ်ဖို့ ကာတာအာဏာပိုင်တွေက ရွေးချယ်လိုက်ကြတာဖြစ်ပါတယ် ။ ဒေးဗစ်ဘက်ခမ်း နဲ့ကာတာ အားကစားဝန်ကြီးဌာနအကြားမှာ သံတမန်ရာထူး ခန့်အပ်မယ့်ကိစ္စ နဲ့ပတ်သက်ပြီး အချက်အလက်တွေ သဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်ပါတယ် ။ ကာတာအစိုးရအာဏာပိုင်တွေဟာ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းကို ပေါင်သန်း (၁၅၀) တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုပြီး သံတမန် ရာထူးခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပါတယ် ။ 

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

အသက် (၄၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမားသက်တမ်းတစ်လျှာက် အင်္ဂလန် ၊ စပိန် ၊ အီတလီ ၊ ပြင်သစ် နဲ့အမေရိကန်မှာ ဖြတ်သန်းလာခဲ့သူဖြစ်ပါတယ် ။ ကစားသမားဘဝက အနားယူသွားတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းဘက်ကိုဦးတည်ကာ ဇောက်ချလုပ်ကိုင်ခဲ့ပြီး အခုဆိုရင် မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းရဲ့ပိုင်ရှင်ဖြစ်နေပြီဖြစ်ပါတယ်။ (၂၀၂၂) ကမ္ဘာ့ဖလားကို လာမယ့်နှစ် နိုဝင်ဘာ (၂၂) ရက်နေ့မှ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ ကာတာနိုင်ငံ မှာကျင်းပသွားမှာဖြစ်ပါတယ် ။ ကာတာနိုင်ငံဟာ အပူပိုင်းအရပ်ဒေသဖြစ်တာကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ ဖီဖာက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် လာမယ့်နှစ်ကမ္ဘာ့ဖလားဟာ ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆောင်းရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီအချိန်ကာလဟာ ဥရောပထိပ်သီးလိဂ်တွေ အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပွဲကျပ်ကာလဖြစ်နေတဲ့အတွက် ဝေဖန်မှုများစွာလည်းရှိနေကြပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T