သားသမီးတွေအပေါ်ထားတဲ့ အဖေတွေရဲ့ ချစ်ခြင်းမေတ္တာတရားများ

//s9.kh1.co/a9/a98edcbd1b3a98099d74da7a8324f77460073365.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အဖေနဲ့အမေရှိမှာ လူတော်တော်များများဟာ အမေသာလျှင်သားသမီးတွေကို ပိုချစ်တက်ကြတယ်လို့ထင်ကြပါတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ အဖေတွေလည်း သူတို့သားသမီးကို ချစ်ကြပါတယ်။ သူတို့ရဲ့အလုပ်တွေပဲ လုပ်နေရလို့ သူတို့အနေနဲ့ သားသမီးတွေကို အားလပ်တဲ့အချိန်မှာသာလျှင် ဘယ်လောက်ချစ်လဲဆိုတာကို ပြသနိုင်ပါတယ်။ အလုပ်ပဲလုပ်ပြီး သားသမီးတွေကို အချိန်မပေးတာမဟုတ်ပဲ နားလည်မှုလေးတော့ရှိပေါ့။ ခုဆိုရင်တော့ အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာကိုပြသတဲ့ ပုံတွေကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

Get Ready For Halloween

https://s9.kh1.co/__image/w=600,h=710,q=100/7e/7e6ed02c0f5a1f21bbbdcd5a29108e29b78e5202.webp

သမီးတွေကြိုက်နှစ်သက်တဲ့ ကာတွန်းဇာတ်ဆောင်က မိန်းကလေးဖြစ်နေလည်း အဖေက Halloween မှာ အတူတူဝတ်ပေးမှာပေါ့။ ပုံထဲမှာလည်း သမီးတွေပျော်နေတာကို တွေ့ရမှာပါ။

Only Dad Can Do This

https://s9.kh1.co/__image/w=600,h=683,q=100/2b/2be0e3939bc8e1fe18a49d6ada893a1ce41bb914.webp

ဒီပုံကတော့ ပရိသတ်ကြီး သိကြတဲ့အတုိင်း ကလေးခေါင်းပေါ်က အမာရွှတ်ဟာ ကင်ဆာကြောင့် ခွဲစိတ်ထားရတာဖြစ်ပြီး အဖေကလည်း သူသားအားမငယ်အောင် ခေါင်းပေါ်မှာ ပုံတူတက်တူးထိုးပေးထားတာပါ။ အဖေသာလျှင်ခုလိုလုပ်ပေးနိုင်တယ်လေ။

A Lucky Father

https://s9.kh1.co/__image/w=600,h=398,q=100/be/beca029ae3ee82aedb733048f4b209883e017f7a.webp

သမီးတို့အဖေကို မိတ်ကပ်အလှပြင်ပေးလည်း အဖေပျော်ပါတယ်။ သမီးတို့တွေ မိတ်ကပ်ပညာရှင်ဖြစ်ချင်လည်း အဖေကိုယ်တိုင် အရင်ဆုံးအလိမ်းခံပါမယ့် ဆိုတဲ့ အဖေမ‌ျိုးပါ။ ပုံမှာလည်း သူရဲ့သမီးတွေ အလှပြင်ပေးနေတာကို ငြိမ်ခံနေတဲ့ အဖေတစ်ယောက်ကိုတွေ့ရမှာပါ။ ချစ်သူဘဝမှာ မိန်းမဖြစ်သူ အလှပြင်တာတောင်မခံတာ သမီးနဲ့တွေ့မှ ငြိမ်ခံတာမျိုး‌ေပါ့။

Don't Have Fear When Dad Is There

https://s9.kh1.co/__image/w=600,h=393,q=100/2a/2afb86657ca4ecbfa84cf3dae0c4c86db109cae5.webp

ခေါင်းစဉ်လိုပါပဲ အဖေသာရှိနေရင် သမီးအနေနဲ့ ဘာမှ ကြောက်နေစရာမလိုပါဘူး။ အဖေက သမီးကို အမြဲကာကွယ်ပေးနေမယ့် Hero ပါ။

Fathers Are Great

https://s9.kh1.co/__image/w=600,h=311,q=100/57/577a59ae332e66c8175ab25919d4719501b0d43e.webp

အဖေက သမီးလေးတစ်ယောက် အားငယ်နေမှာဆိုလို့ သူ့ရဲ့ခေါင်းပေါ်မှာ နားကြားကိရိယာ ပုံစံတက်တူးကိုထိုးထားပါတယ်။ ဒါမှလည်း သမီးလေးက သူ့ကိုသူ စိတ်တွေ မတည်မငြိမ်မဖြစ်တော့ဘူးပေါ့။

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T