အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ ဓားပြတိုက်ရန် ကြိုးပမ်းလာတဲ့ လူငယ်တစ်စုကို အမျိုးသားတစ်ဦးက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းဆန်သော ရုပ်သံဖိုင် တစ်ခုဟာ လူအများရဲ့ လေးစားမှုကိုရရှိခဲ့ပြီး လူမှုကွန်ယက်တွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဖြစ်စဥ်ကတော့ အောက်တိုဘာလ (20) ရက်နေ့ နံနက်အစောပိုင်းက အရီဇိုးနားရှိ Yuma ကုန်စုံနဲ့ဓာတ်ဆီဆိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
CCTV မှတ်တမ်းများအရ မျက်နှာဖုံး အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားတဲ့ ဓားမြသမား ၃ ဦးမှ ၂ ဦးဟာ ဆိုင်အတွင်းရှိ ငွေရှင်းကောင်တာကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ်ပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ပစ္စတိုသေနတ်နဲ့ ချိန်ရွယ်လာတဲ့ ဓားမြသမားကို စျေးဝယ်နေတဲ့ အမျိုးသားတစ်ဦးက ရုတ်တရက် တန်ပြန်တိုက်ခိုက်ခဲ့ပြီး ငါးစက္ကန့်ခန့်အတွင်း တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခြားကြံရာပါ ဓားမြ (၂)ဦးကတော့ ပြန်လည်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင် ဓားပြတိုက်ရန် ကြိုးပမ်းခဲ့တဲ့ သူကို ပြန်လည်ခုခံခဲ့ပြီး တားဆီးနိုင်ခဲ့တဲ့ အမျိုးသားဟာ အသက် (၃၂)နှစ်အရွယ် James M. Kilcer ဖြစ်ပြီး ထူးချွန်ဆုများစွာရရှိထားခဲ့တဲ့ မရိန်းတပ်ဖွဲ့က တပ်သားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ James M. Kilcer ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို နိုင်ငံရုပ်သံများကလည်း ဖော်ပြပြီး ပြည်သူတွေရဲ့ ချီးမြှောက်ခြင်းကိုလည်း အပြည့်အဝရရှိခဲ့တယ်လို့ ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Source - KVOA-/Daily Mail