အွန်လိုင်းပေါ်ကချစ်သူကို အပြင်မှာတွေ့ပြီးနောက် မိမိကိုယ်ကိုသတ်သေဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/c3/c3c847d0cc200a5f0e20f70ab0e04e20e6dde59f.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အွန်လိုင်းအသုံးပြုလာတာတွေ အရင်ကထက်တွင်ကျယ်လာတဲ့အခါမှာတော့ အွန်လိုင်းပေါ်ကနေ message ပို့ရင်း ချစ်ကြ ကြိုက်ကြတဲ့ စုံတွဲတွေများလာပါတယ်။ အဲ့ဒီလို အွန်လိုင်းပေါ်က ချစ်ကြ ကြိုက်ကြရင်းအပြင်မှာတွေ့ကြတဲ့အခါ မျက်နှာတွေက အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုံတွေထဲက မျက်နှာတွေနဲ့ မတူညီကြတဲ့အခါ ရင်ကွဲပက်လက်ဖြစ်ကြသူတွေနဲ့ နောင်တအကြီးအကျယ်ရကြသူတွေလည်း အများကြီးမှအများကြီးပါပဲ။

https://s9.kh1.co/__image/w=301,h=167,q=100/24/24cddf2c004601c4e3e5909ac59f2984823a1a23.png

ဒီတစ်ခေါက်မှာဆိုရင် အွန်လိုင်းပေါ်ကချစ်သူနဲ့ ပထမဆုံးအပြင်မှာတွေ့ပြီးနောက် မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တဲ့ တရုတ်လူမျိုး အမျိုးသမီးတစ်ယောက်အကြောင်းကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ဒီအမျိုးသမီးဟာ သူမရဲ့အွန်လိုင်း boyfriend နဲ့ အပြင်မှာပထမဦးဆုံးတွေ့ကြတဲ့အချိန်မှာ သူရဲ့ချစ်သူကောင်လေးဟာအွန်လိုင်းပေါ်က သူမတွေ့ခဲ့တဲ့ပုံတွေနဲ့ လုံးဝမတူဘဲ ရုပ်ဆိုးဆိုးကြီးဖြစ်နေခဲ့တာပါ။ အဲ့အချိန်မှာ အမျိုးသမီးဟာ လှည့်စားခံရတဲ့ သူ့အဖြစ်ကို တော်တော်လေးစိတ်ပျက်ခဲ့ပြီး ရုပ်ရုပ်ဆိုးလူကြီးတစ်ယောက်ရဲ့ ချစ်သူလည်းမဖြစ်ချင်တာကြောင့် မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=480,q=100/7b/7b9be8aa2469e60b789eaa5eefe8a957789821ba.jpg

ဒီအမျိုးသမီးဟာ ဟော်တယ်တစ်ခုရဲ့ ခုနှစ်ထပ်ကနေ “မင်းငါ့ကို လိမ်တယ်” လို့အော်ပီး ခုန်ချဖို့ကြိုးစားနေစဉ်မှာပဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက သူမကိုအချိန်မီ တားဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အိမ်ဆေးအနည်းငယ်ကိုလည်းသောက်ထားပြီး သူမရဲ့ လက်ကောက်ဝတ်တွေကိုဖြတ်တောက်ဖို့ ဖန်ကွဲစတစ်ခုကိုလည်း ကိုင်ထားတယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ရဲတွေက အချိန်မီတားဆီးနိုင်ခဲ့ပြီး ဆေးရုံကားခေါ်ကာ သူမကိုဆေးရုံကိုပို့ပေးခဲ့ကြပါတယ်။ ချစ်သူရည်းစားဆိုတာဟာ ကိုယ်အသက်ရှင်တွေတဲ့အချိန်အတွင်း ကြိုက်သလောက်ပြန်ရှာထားလို့ရပေမယ့် ရခဲလှတဲ့လူ့ဘဝကို စွန့်လွှတ်ဖို့အထိ ကြိုးစားခဲ့တာကတော့ မလုပ်သင့်တဲ့ကိစ္စတစ်ခုပါပဲ။

https://s9.kh1.co/__image/w=640,h=480,q=100/d9/d9607405c148dbf840dc1d66bb0d8bb069ee9cc0.jpeg
https://s9.kh1.co/__image/w=640,h=640,q=100/e9/e90349ada1fc4f3ce3f7114dfff81d1f7d25476b.jpeg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T