အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုတဲ့ အစ္စဏီက အဆိုတော်ကောင်း တစ်ယောက်ဖြစ်တာကြောင့် သူရဲ့သီချင်းတွေက အခုချိန်ထိ ပရိသတ်တွေကြားမှာ ကျော်ကြားနေဆဲဖြစ်ပါတယ်။ သူရဲ့အမှားတစ်ခုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး မကြာသေးမီကမှ လွတ်လာတာပါဖြစ်ပါတယ်။ အခုဆို သူကဘဝကို အေးအေးဆေးဆေးနဲ့ အကောင်းဆုံးဖြတ်သန်းနေတာဖြစ်ပြီး သူ့ရဲ့ မိခင်နဲ့အတူ အလုပ်တွေဝိုင်းကူ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
သူက အလှူအတန်းတွေမှာလဲ ရက်ရောတဲ့စိတ်ရှိသလို ကျေးဇူးရှင်တွေကိုလဲ ကျေးဇူးသိတတ်တဲ့ သူတစ်ယောက်ပါ။ အခုလည်း အဆိုတော်အစ္စဏီက သူ့ရဲ့လက်ဦးဆရာတွေဖြစ်တဲ့ အဆိုတော်ရဲလေးနဲ့ဟဲလေးကို သီတင်းကျွတ်အချိန်သမယမှာ သွားရောက်ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်အစ္စဏီက ဂီတအလုပ်တွေပြန်လုပ်နေတာဖြစ်ပြီး ဂီတနယ်ပယ်မှာ ပြန်လည်လျောက်လှမ်းမယ် လို့လည်းပြောထားပါသေးတယ်။
အဆိုတော်အစ္စဏီက "ကျွန်တော့်ကိုအနုပညာဂီတလောကထဲက ရောက်အောင် လက်တွဲခေါ်ယူခဲ့တဲ့ ကျေးဇူးရှင်အကိုကြီးများကို အခုလို သီတင်းကျွတ်အခါမှာ ကန်တော့ခွင့်ရခဲ့တယ် ဗျ" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဟဲလေး၊ ရဲလေး နဲ့ အစ္စဏီ တို့ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေက်ို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Han Tun Zaw’s Facebook Acc