ဂျပန်နိုင်ငံ Kyu Shu ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး Mount Aso မီးတောင်ကြီးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/49/494dbbd726acac12c82a894c7698f99f3fc161c0.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ပေါက်ကွဲမှုကြောင့် ကျောက်တုံးတွေနဲ့ မီးတောင်ကျောက်တွေက ပတ်ဝန်းကျင် ၁ ကီလိုမီတာ အကွာအထိ ........

ဂျပန်နိုင်ငံ Kyu Shu ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး Mount Aso မီးတောင်ကြီးဟာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ဂျပန်စံတော်ချိန် ၁၁:၄၃ မိနစ်ခန့်က စတင်သက်ဝင်လှုပ်ရှားလာပြီး ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။ မီးတောင်ရဲ့ ပြာမှုန့်တွေက ကောင်းကင်ပေါ်သို့ အမြင့် ၃၅၀၀ မီတာ (၂.၂ မိုင်) အမြင့်ထိပေါက်ထွက်ခဲ့တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

Photo Credit : CNA
Photo Credit : CNA

အဆိုပါမီးတောင်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၅၉၂ မီတာမြင့်ပြီး မီးတောင်အဝအကျယ် ၁ ကီလိုမီတာပတ်လည်ကျယ်ဝန်းပါတယ် ။ ဂျပန်နိုင်ငံတောင်ပိုင်းရှိ အဓိကကျွန်းဆွယ်ဖြစ်တဲ့ Kyusu ကျွန်းတွင် တည်ရှိပြီး ခရီးသွားအများ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ကျောက်တုံးတွေနဲ့  မီးတောင်ကျောက်တွေက ပတ်ဝန်းကျင် ၁ ကီလိုမီတာ အကွာအထိ ရောက်ရှိနိုင်တယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo Credit : CNA
Photo Credit : CNA

ထိခိုက်ဒဏ်ရာရမှုစာရင်းကိုတော့ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း လည်းသိရပါတယ်။ ဂျပန်နိုင်ငံအစိုးရက ပေါက်ကွဲမှုဖြစ်စဉ်အတွင်း တောင်တက်သမားများရှိမရှိ စစ်ဆေးလျက်ရှိပြီး ၊ သေဆုံးသူမရှိသေးဘူးလို့  ပြောကြားခဲ့ပါတယ်။

Photo Credit : CNA
Photo Credit : CNA

ဂျပန်အစိုးရကတော့ အရေးပေါ် သတိပေးချက်အဆင့် ၅ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ မီးတောင်က လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရှိရပါတယ် ။

Source : CNA & Al Jazeera English's post

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T