လုံးဝမမှတ်မိတော့လောက်အောင် ပြောင်းလဲသွားတဲ့ပုံစံအသစ်နဲ့ ဆုတောင်းမှုတွေပြုလုပ်ပေးနေတဲ့ ပရဟိတ မင်းသားထွန်းကိုကို

//s9.kh1.co/78/78ede88f95f719f7e61e2934f1ffe3af2dedacc2.jpg
အနုပညာရှင်များ

 ၂၁-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လုံးဝမမှတ်မိတော့လောက်အောင် ပြောင်းလဲသွားတဲ့ပုံစံအသစ်နဲ့ ဆုတောင်းမှုတွေပြုလုပ်ပေးနေတဲ့ ပရဟိတ မင်းသားထွန်းကိုကို

ပရဟိတအလုပ်တွေကို စိတ်ပါဝင်စားစွာ အားတတ်သရော လုပ်လေ့ရှိတဲ့ သရုပ်ဆောင် မော်ဒယ် ထွန်းကိုကိုဟာဆိုရင် အရင်ကတွေ့နေကြပုံစံနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ ပုံစံအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပထမဆုံးပြန်ပေါ်လာခဲ့တာပါ။ အရင်ကနဲ့လုံးဝကို ကွဲထွက်လွန်းတဲ့ပုံစံကြောင့် လူတော်တော်များများက လုံးဝကို ထွန်းကိုကိုမှန်း မသိတော့လောက်အောင်ကို အံ့သြသွားကြပါတယ်။

YanPaing Tunko
YanPaing Tunko
YanPaing Tunko
YanPaing Tunko
YanPaing Tunko
YanPaing Tunko

ထွန်းကိုကိုဟာ အဓိဋ္ဌာန်တစ်ခုဝင်နေတာဖြစ်ပြီး သူ့ရဲ့ အဓိဋ္ဌာန်က သီတင်းကျွတ်လပြည့်နေ့မှာ ပြည့်တာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အခုလိုပဲရေးတင်ထားပါတယ်။

"သီတင်းကျွတ် လပြည့်နေ့ မှာ ပြည့်တဲ့ အကျွတ် အလွတ် အဓိဋ္ဌာန် ကျွတ်နိုင် လွတ်နိုင်သူများ ကျွတ်ကြလွတ်ကြပါစေ ။ ကျွတ်သင့်ကျွတ်ထိုက်သူများ ၊ လွတ်သင့်လွတ်ထိုက်သူများ အပြည့်အဝ ကျွတ်လွတ်ကြပါစေ။"

YanPaing Tunko
YanPaing Tunko

ထွန်းကိုကို အခုလိုပြောင်းလဲသွားတဲ့ ပုံစံက အဓိဋ္ဌာန်ကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆထားတဲ့သူတွေလည်းရှိကြပါတယ်။ ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်းဦးကျော်သူရဲ့ တပည့်အရင်းတစ်ယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းများမှာလည်းလည်း အားတတ်သရော ပါဝင်ဆောင်ရွက်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ 

YanPaing Tunko
YanPaing Tunko
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T