ပိုက်ဆံ ပေါင် ၁၅၀၀ အကုန်အကျခံပြီး ပါးရိုးကြီးအောင် ပြုပြင်ပြောင်းလဲခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/8f/8f32c6167216f4103e773ce46bb2daa345b42092.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီအမျိုးသမီးရဲ့ နာမည်ကတော့ Anastasia Pokreshchuk ဖြစ်ပြီး သူမဟာ ပုံမှန် ရုပ်ချောချောမိန်းကလေးအဖြစ်ကနေ ပါးရိုးကြီးတွေ ထောင်ထွက်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်အောင် ပြောင်းလဲခဲ့သူပဲဖြစ်ပါတယ်။ Anastasia ဟာ Instagram model တစ်ယောက်ဖြစ်ပြီးသူမရဲ့အကောင့်မှာလည်း follower ပေါင်း 2 သိန်းကျော်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=492,q=100/bb/bb916ebb5be5962e882d0e8e07d03fa2d0f6d4fb.webp
https://s9.kh1.co/__image/w=650,h=488,q=100/06/067023baf4752d53a7b490b13433444fa3884f09.jpeg

ဒီလိုပုံစံဖြစ်အောင် ပြောင်းလဲဖို့အတွက် Anastasia ဟာ သူမရဲ့ ပါးရိုးထဲကို fillers တွေထိုးခဲ့ရပြီး ကုန်ကျစရိတ်အနေနဲ့ဆိုရင်လည်း £1,500 လောက်ကုန်ကျခဲ့ပါတယ်။ သူမရဲ့ ဒီလိုပုံစံဟာ လူကြားထဲမှာ အရမ်းထင်ပေါ်ပြီး ထူးထူးဆန်းဆန်းကြီး ဖြစ်နေပေမယ့်လည်း သူမရဲ့စိတ်ထဲမှာတော့ ဒါတွေဟာ အရမ်းသေးနေသေးတယ်လို့ ယူဆထားတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2d/2dec41d703ea6a605ec5aa71d449974f2640df95.jpg

Anastasia ဟာ ပါးတစ်ခုထဲကို ပြုပြင်းပြောင်းလဲခဲ့တာ မဟုတ်ပဲ သူမရဲ့ နှုတ်ခမ်းကိုလည်း အနည်းငယ်ပြုပြင်ထားပါသေးတယ်။ Anastasia ဟာ ဒီပြောင်းလဲမှုနဲ့ ပတ်သတ်ပြီးတော့လည်း အရမ်းပျော်ရွှင်နေခဲ့သလို့ ပါးလေးက ဒီလိုလေးဖြစ်နေတာကို အရမ်းသဘောကြကြောင်းလည်း ပြောထားပါတယ်။ Anastasia လိုပဲ ဘယ်သူတွေက ဘာတွေပဲပြောနေနေ ကိုယ်လုပ်ထားတဲ့အရာကို ကိုယ်သဘောကြရင် ဘေးစကားတွေကို ဂရုစိုက်နေစရာမလိုပါဘူး။

https://s9.kh1.co/__image/w=640,h=640,q=100/07/079534c1add4e3174010017e80728f4087f2c8f2.webp

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T