အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့လို့ အနည်းဆုံးလူ (၂၅)ဦးလောက် သေဆုံး

//s9.kh1.co/6a/6a6a1d9e8c9a0a490c5de6abb320349b4f47aada.jpg
နေ့စဉ်သတင်းများ

 ၁၈-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် အိန္ဒိယအနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပွားကာ အနည်းဆုံးလူ (၂၅) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့ကနေ စတင်ပြင်းထန်လာသောမိုးကြောင့် မြစ်ချောင်းများက ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ကမ်းရိုးတန်းပြည်နယ် Kerala က အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - APF
Photo Credit - APF
Photo Credit - APF
Photo Credit - APF

မြေပြိုမှုများနှင့်ရေလွှမ်းမိုးမှုများကြောင့် Idukki ခရိုင်မှာ ယခုအချိန်အထိအလောင်း (၁၁) လောင်းကိုတွေ့ရှိကြောင်း AFP က ဖော်ပြထားပါတယ်။ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းကယ်ဆယ်ရေးစခန်း အနည်းဆုံး (၁၀၀) ကိုဖွင့်လှစ်လိုက်ကြောင်း Kerala ၀န်ကြီးချုပ် Pinarayi Vijayan ကတနင်္ဂနွေနေ့တွင်ပြောကြားခဲ့တယ်လို့ ဆိုပါပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၊ Kottayam ခရိုင်ရှိ Kottayam ခရိုင်ရှိ Koottickal ရှိရေဘေးသင့်ပြည်သူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေမှုတွေ လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

Photo Credit - APF
Photo Credit - APF

India today သတင်းရဲ့ ဖော်ပြချက်တော့အရ မြစ်ကမ်းပါးများက လူနေအိမ်များ ပြိုကျမှုများ ၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများဟာ လူနေအိမ်တွေဆီသို့ ဒလဟော ဝင်ရောက်လာခြင်းများအပြင် မြေပြိုကျမှုကြောင့် ပိမိသွားတဲ့ လူတွေကို ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေတဲ့ မြင်ကွင်းတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း Kerala ပြည်နယ်ရဲ့ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူ (၅၀၀) နီးပါးသေဆုံးခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - APF / India Today

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T