"အိပ်ဆေးလို့ ဆိုလိုက်တာနဲ့ ဆေးလုံးကို ပြေးမမြင်လိုက်ပါနဲ့"

//s9.kh1.co/7a/7a6fabcdcf1218f390080665ab027d6e7ff61cb4.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

"အိပ်ဆေးလို့ ဆိုလိုက်တာနဲ့ ဆေးလုံးကို ပြေးမမြင်လိုက်ပါနဲ့"

အိပ်စက်မှုဟာ လူသားတွေအတွက် အရမ်းအရေးပါပါတယ်။တစ်နေ့တာလုံးစိတ်ရောလူရောပင်ပန်းထားတဲ့အတွက် ညရောက်လျှင် အားလုံးစိတ်ရောလူရော အနားပေးရတာကို အိပ်တယ်လို့ခေါ်ပါတယ်။

Photo Credit - Google
Photo Credit - Google

ညမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ဒီနည်းလမ်းက သင့်အိမ်မှာ နံရံတစ်ခုရှိရင်ရပါပြီ။ကျန်တာဘာမှမလိုအပ်တာဖြစ်တဲ့အတွက် ရိုးရှင်းပြီးလိုက်လုပ်လို့ရမဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

အခုနည်းလမ်းကတော့ "Legs up the wall 20 minutes "ပဲ ဖြစ်ပါတယ်။ခြေထောက်နှစ်ချောင်းကို နံရံကပ်ပြီး မိုးပေါ်ထောင်ရမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

ပုံမှာပြထားသလို အိပ်ယာဝင်ချိန်မှာ ခြေထောက်နှစ်ချောင်းကို နံရံကပ်မိုးပေါ်ထောင်ပါ။မိမိရဲ့ခေါင်းအောက်မှာ ခေါင်းအုံးမခုပါနဲ့။မိနစ် ၂၀ မှ ၃၀ မိနစ်လောက်ထိကြာအောင် ထားပြီး ခြေထောက်က သွေးတွေ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ဘက်ကို စီးဆင်းစေတာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

အချိန်ပြည့်သွားတာနဲ့ ဘယ်ကိုမှ မသွားတော့ပဲ တစ်ခါထဲ ခြေထောက်ကိုအောက်သို့ပြန်ချပြီး အိပ်လိုက်ပါ။မကြာခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှာဖြစ်ပါတယ်။

ညအိပ်လို့မရတဲ့သူတွေအတွက် ဒီနည်းလမ်းလေးက ရိုးရှင်းပြီးလိုက်လုပ်ရတာ လွယ်ကူတဲ့အတွက် အားလုံးအဆင်ပြေအောင် တင်ဆက်ပေးလိုက်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T