မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော်ထက်တောင် (10)ဆကျော် ချမ်းသာတဲ့ နယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆာလ်မန်ပို

//s9.kh1.co/3e/3e47837f2abb03f03c62cef2501742ae8795a395.jpg
အားကစားသတင်းများ

 ၁၀-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆာလ်မန်ပိုင် Public Investment Fund (PIF) ကပေါင်သန်း(300)နဲ့ဝယ်ယူလိုက်ပြီလို့ ပြီးခဲ့တဲ့ ရက်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆာလ်မန်ပိုင်က ဝယ်လိုက်ပြီးမှာတော့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး ကလပ်အသင်း ဖြစ်လာခဲ့ပါပြီဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

နယူးကာဆယ်ပိုင်ရှင်သစ်ဖြစ်တဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆာလ်မန်ပိုင်ဟာ ပေါင်(320)ဘီလီယံကျော် ချမ်းသာကြွယ်ဝပြီး မန်စီးတီးပိုင်ရှင်ရှိတ်မန်ဆော်ထက် (10)ဆကျော်ပိုမို ချမ်းသာတယ်လို့ သိရပါတယ်။ ဆော်ဒီမင်းသားဟာ အသင်းကို ဝယ်ယူဖို့ ပထမအကြိမ်ကြိုးပမ်းမှုမှာ Bein Sport နဲ့ မူပိုင်ခွင့်ပြသာနာကြောင့် နောက်ဆုတ်လိုက်ရသော်လည်း ယခုတစ်ခါပြန်လည်ဖြေရှင်းပြီး အသင်းဝယ်ယူဖို့သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

နယူးကာဆယ်အသင်းကို ဝယ်ယူခဲ့တဲ့ ဆော်ဒီမင်းသားဟာ နယူးကာဆယ်အသင်းကို မဝယ်ယူခင် လီဗာပူးလ်အသင်းကို အရင်ဆုံးစိတ်ဝင်စားခဲ့ကာ အသင်းနဲ့ ညှိနှိုင်းမှု အဆင်မ​ပြေခဲ့ဘူးလို့ သိရပါတယ်။ အသင်းပိုင်ရှင် အပြောင်းအရွှေ့ဖြစ်သွားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ လူအများအပြား စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။ နယူးကာဆယ်ပိုင်ရှင်ဟောင်း မိုက်အက်ရှလေကတော့ အသင်းအား(14)နှစ်ကြာပိုင်ရှင်အဖြစ်ရှိနေမှုကနေ ယခုဆိုရင် အဆုံးသတ်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ငွေကိုရေလိုသုံးနိုင်တဲ့ ပိုင်ရှင်အသစ်ကြောင့် နယူးကာဆယ်ဟာ အတောင့်တင်းဆုံး အသင်းဖြစ်လာမလားဆိုတာကိုတော့ စိတ်ဝင်စားစရာဖြစ်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T