"ညအိပ်ယာမဝင်ခင် ပြုလုပ်သင့်တဲ့ အချက် ၉ ချက်"

//s9.kh1.co/88/88b04910b4cf7300f816f0f9f57d6555d8fc6943.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၆-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

"ညအိပ်ယာမဝင်ခင် ပြုလုပ်သင့်တဲ့ အချက် ၉ ချက်"

ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ကိုယ့်ကိုယ်ကိုချစ်ဖို့ဆိုတာ လူတော်တော်များများက မေ့နေကြပါတယ်။ကိုယ့်ကိုယ်ကို မေတ္တာတွေပေးဖို့မေ့နေတတ်ကြပါတယ်။တစ်နေ့တာလုံးအလုပ်တွေနဲ့ရှုပ်နေတဲ့ကိုယ့်ကိုယ်ကို ညအိပ်ယာမဝင်ခင်မှာတော့ Me Time လေးပေးသင့်ပါတယ်။Me Timeညအိပ်ယာမဝင်ခင်အချိန်မှာဆိုရင် ကိုယ့်ကိုယ်ကို အတွက် ဘာတွေလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 Photo Credit - Google
 Photo Credit - Google

၁။Social Media နဲ့ဝေးအောင်နေပါ။

ကိုယ်က တစ်နေ့လုံးအလုပ်ကနေ ပင်ပန်းစိတ်ရှုပ်လာတာကို ကိုယ်ကSocial media ကိုကြည့်လိုက်တဲ့အခါ Toxic တွေနဲ့တွေ့ရင် ကိုယ်ဟာ ပိုပြီးစိတ်ပင်ပန်းတတ်ပါတယ်။ဒါကြောင့် Social Media နဲ့နည်းနည်းကင်းအောင်နေကြည့်ပါ။

Photo Credit - Google
Photo Credit - Google

၂။အိမ်ရှင်းပါ။

ကိုယ့်အိမ်ကိုမရှင်းနိုင်ရင်တောင် ကိုယ့်အခန်းလေးကို ရှင်းပါ။စားပွဲပေါ်က စာအုပ်လေးတွေကို နေရာတကျစီတာမျိုး၊အလှပန်းအိုးလေးကို ပန်းလဲတာမျိုး ပြုလုပ်ပေးပါ။ရှင်းရှင်းလေးဖြစ်နေရင် သင့်စိတ်တွေက ကြည်လင်နေပြီး သင့်အတွက် ညအိပ်ရာဝင်ချိန်မှာ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၃။ရေနွေးနွေးလေး (သို့မဟုတ်)ရေချိုးပါ။

ရေနွေးနွေးလေးနဲ့ရေချိုးခြင်းဟာ ညဘက်ကောင်းစွာအိပ်စက်စေပါတယ်။ကိုယ်ကြိုက်တဲ့ရနံ့လေးတွေနဲ့ ရေချိုးခြင်းကလည်း တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှကို ပြေပျောက်စေပါတယ်။

Photo Credit - Google
Photo Credit - Google

၄။Skin Care လုပ်ပါ။

ကိုယ့်မျက်နှာဟာ တစ်နေ့တာလုံးမှာ ကိုယ်မမြင်နိုင်တဲ့ဖုန်မှုန့်တွေ၊က်တီးရီးယားပိုးတွေအချိန်အကြာကြီး ကပ်ညိနိုင်တာမို့ ညဘက်အိပ်ယာမဝင်ခင်မှာ မိတ်ကပ်တွေကို Make up remover လေးနဲ့ သေချာဖျက်ပါ။အညစ်အကြေးတွေကို သေချာလေး Cleasing လုပ်ပါ။Toner လိမ်းပေးပါ။Moisureလေးရော လိမ်းပေးပါ။နောက်ဆုံးအဆင့်မှာတော့ Nightcream လေးလိမ်းပါ။ကိုယ့် Skin ကို​ကိုယ် ဂရုစိုက်တာကလည်း မိမိကိုယ်ကို ချစ်တာပါပဲနော်။

Photo Credit -Google
Photo Credit -Google

၅။မိသားစုနဲ့အချိန်ပေးပါ။

တစ်နေတာလုံးပင်ပန်းနွမ်းနယ်ထားတာဆိုတော့ ညအိပ်ယာမဝင်ခင်မှာ မိသားစုနဲ့အချိန်ဖြုန်းကြည့်ပါ။ကိုယ့်ရဲ့တစ်နေ့တာအခက်အခဲတွေကို မိသားစုကိုပြောပြပြီး အဖြေရှာတာမျိုးပြုလုပ်သင့်ပါတယ်။ဒါမှမဟုတ်လည်း သူတို့နဲ့အတူ အပန်းဖြေ ဇာတ်ကားကြည့်တာမျိုးဖြစ်ဖြစ်ပြုလုပ်တာက နွေးထွေးမှုကို ခံစားစေရပြီး အားတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၆။ Journal လုပ်ပါ။

Journalling လုပ်တယ်ဆိုတာက ကိုယ်က ပတ်ဝန်းကျင်က စကားသံတွေ၊ပြဿနာတွေနားထောင်ရင်း ကိုယ့်ကိုယ်ကို နားထောင်ဖို့ မေ့နေတတ်ကြပါတယ်။Journalling လုပ်တယ်ဆိုတာ လှလှပပလေးဖြစ်မှ Sticker တွေSupplies တွေပြည့်စုံမှဆိုတာထက် တကယ်တော့ ဘောပင်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်ရှိရင်ကို အဆင်ပြေပါတယ်။ကိုယ့်ရဲ့တစ်နေ့တာအခက်အခဲတွေ၊ကိုယ့်ရဲ့တစ်နေ့တာအောင်​မြင်မှု၊Universeကိုကိုယ်လိုချင်တာတောင်းတာတွေ ချရေးကြည့်ပါ။စိတ်ကိုတည်ငြိမ်စေပြီး ညဘက်အိပ်တဲ့အခါမှာ အထောက်အကူဖြစ်စေပါတယ်။

Photo Credit - Google
Photo Credit - Google

၇။မနက်ဖြန်အတွက် To-Do List လုပ်ပါ။

မနက်ဖြန်အတွက် ကိုယ်ဘာလုပ်မယ်။ဘယ်ဟာကတော့ ဦးစားပေး ၁ ။ဘယ်ဟာကိုတော့ နောက်မှလုပ်မယ်ဆိုပြီး အရေးကြီးတာနဲ့အရေးမကြီးတာ ချရေးထားပါ။ဒီလိုလုပ်ထားခြင်းကလည်း သင့်အတွက်မနက်ဖြန်ကို တော်တော်လေးဝန်ပေါ့စေမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၈။စာအုပ်ဖတ်ပါ။

ညအိပ်ယာမဝင်ခင်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်လေးကိုဖတ်ကြည့်ပါ။ကိုယ်ဟာ စာအုပ်ထဲမှာ စီးမျောသွားရင် တခြားကမ္ဘာတစ်ခုရောက်နေသလို ခံစားရပါလိမ့်မယ်။

Photo Credit - Google
Photo Credit - Google

၉။အိပ်ယာစောစောဝင်ပါ။

ညနက်မှအိပ်ရင် သင့်စိတ်အတွက်ရော၊သင့်ကျန်းမာရေးအတွက်ရော မကောင်းပါဘူး။ဒါကြောင့် ညအိပ်ယာစောစောဝင်နိုင်အောင် ကြိုးစားကြည့်ပါ။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T