မန်စီးတီးအသင်းဘက်ကို လှလှပပဂိုးသွင်းယူခဲ့ပြီး PSG ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရရှိသွားခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/90/90e04f1539d3e4c04b0a0c256fee1d812aa6ab4e.jpg
အားကစားသတင်းများ

 ၃၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မန်စီးတီးအသင်းဘက်ကို လှလှပပဂိုးသွင်းယူခဲ့ပြီး PSG ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရရှိသွားခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ(၂၉)ရက်နေ့ မနေ့ကတော့ ပရီးမီးယားလိဒ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ PSG အသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံးက အသင်းကြီးတွေဖြစ်ကြသလို တောင့်တင်းတဲ့ လူစာရင်းလည်းပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ နှစ်သင်းစလုံးကလည်း တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး PSG အသင်းဘက်မှာတော့ ကမ္ဘာကျော်ကစားသမားမက်ဆီတစ်ယောက် ပါဝင်လာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး မန်စီးတီးအသင်းက ခြေစွမ်းပိုင်းအရ အသာရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပွဲချိန် (၈)မိနစ်မှာတော့ PSG အသင်းရဲ့ ကွင်းလယ်လူဖြစ်တဲ့ Gueye က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး PSG အသင်းအတွက် အနိုင်သေချာမယ့် ဒုတိယဂိုးကိုတော့ မက်ဆီက ပွဲချိန်(၇၄)မိနစ်မှာ လှလှပပသွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး Mbappe ကနောက်ပေါက်နဲ့ ပြန်ချပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက ဂိုးစည်းထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မန်စီးတီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ အဆိုပါသွင်းဂိုးဟာ မက်ဆီအတွက် PSG ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်သလို သူ့အတွက် ယခုနှစ်ချန်ပီယံလိဒ် ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။ မက်ဆီဟာ PSG ကစားသမားဘဝမှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတာကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေကို အတော်လေးရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ မန်စီးတီးနဲ့ပွဲမှာ ပထမဆုံးသွင်းဂိုးရရှိခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ မက်ဆီနဲ့ မက်ဆီရဲ့ပရိသတ်တွေကို အတော်လေးပျော်ရွှင်စေခဲ့ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T