မေမေခိုင်နှင်းဝေကို တစ်ယောက်ချင်းစီအာဘွားပေးနေကြပြီး အနားကနေမခွါတော့ဘဲ အရမ်းချစ်နေကြတဲ့ချစ်စရာ သားသား၊မီးမီးလေးများ

//s9.kh1.co/ae/aed9c8c2564a447b86988e193c5f54048ea159fd.jpeg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မေမေခိုင်နှင်းဝေကို တစ်ယောက်ချင်းစီအာဘွားပေးနေကြပြီး အနားကနေမခွါတော့ဘဲ အရမ်းချစ်နေကြတဲ့ချစ်စရာ သားသား၊မီးမီးလေးများ

ပြည်သူချစ်မင်းသမီးချောတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပြည်သူတွေရဲ့ကောင်းကျိုးကိုလိုလားပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကိုလည်း နွေးထွေးစွာထွေးပွေ့ပေးထားတာဖြစ်ပါတယ်။ခိုင်းနှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကတော့ ချစ်စရာသားသားမီးမီးလေးတွေရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page 

ခိုင်နှင်းဝေကလည်း သားသမီးတွေအပေါ်မှာ ဖခင်လိုတစ်သွယ်၊မိခင်လိုတစ်မျိုးစောင့်ရှောက်ကြင်နာပေးတာဖြစ်ပါတယ်။ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ကိုတည်ထောင်ထားတာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် အလှူရှင်တွေကလည်း ယုံကြည်လို့လှူဒါန်းနေကြတာပဲဖြစ်ပါတယ်။ကလေးငယ်တွေလည်း တဖြည်းဖြည်းအရွယ်ရောက်လာကြပြီး အေးချမ်းတဲ့အရိပ်အောက်မှာ ကလေးဘဝကို အပူအပင်ကင်းစွာဖြတ်သန်းနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 

မေမေခိုင်နှင်းဝေကလည်း သားသမီးလေးတွေဆီ နေ့တိုင်းနီးပါးသွားလည်ပြီး ထမင်း၊မုန့်တွေကိုလည်း ကိုယ်တိုင်ခွံ့ကျွေးလေ့ရှိပါတယ်။ဒီနေ့မှာဆိုရင်လည်း ခိုင်နှင်းဝေက သားသမီးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးနေတာဖြစ်ပါတယ်။ကလေးတွေကတော့ မေမေခိုင်နှင်းဝေကို တစ်ယောက်ချင်းစီအာဘွားပေးပြီး အနားကနေမခွါတော့ဘဲ ကပ်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြည်သူများတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 
Photo Credit:Khine Hnin Wai’s Facebook page 

Source&Photo Credit:Khine Hnin Wai’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T