လမ်းတကာလှည့်ပြီး ရေခဲထုပ်ရောင်းကာ မိသားစုစားဝတ်နေ​ရေးအတွက် ရုန်းကန်နေရတဲ့ အဘကို အံ့ဩဝမ်းသာသွားအောင် လုပ်လိုက်တဲ့ မိုးစက်

//s9.kh1.co/b7/b7d38520688322d5df8caf76a6b3c5ec06ceea99.jpeg
အနုပညာရှင်များ

 ၃၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

..

လူရွှင်တော်မိုးစက်ကတော့ အနုပညာပိုင်းမှာ ပရိသတ်အသိအမှတ်ပြုမှုတွေအပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ အခုလိုကာလကြီးမှာ ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် ဖေးမကူညီကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

စေတနာရှင်ပြည်သူတွေရဲ့ လှူဒါန်းမှုတွေကို လိုအပ်နေသူတွေအတွက် ပြန်လည်မျှဝေလှူဒါန်းပေးနေတဲ့ မိုးစက်ကတော့ ဒီကနေ့မှာလည်း ရေခဲထုပ်ရောင်းနေတဲ့ အဘကို ဖေးမကူညီခဲ့ပြန်ပါတယ်။ နေပူပူထဲလမ်းတကာလှည့်ပြီး ရေခဲထုပ်ရောင်းကာ မိသားစုစားဝတ်နေ​ရေးအတွက် ရုန်းကန်နေရရှာတဲ့ အဘကို လှူဒါန်းမှုတွေပြုလုပ်ကာ အံ့ဩဝမ်းသာသွားအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

အသက်အရွယ်ကြီးနေပေမယ့် မိသားစုဝမ်းရေးအတွက် ရေခဲထုပ်ရောင်းပြီးသမာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေတဲ့ အဘဆီက ရေခဲထုပ်တွေအကုန်ဝယ်ပြီး အလှူငွေတွေလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကြည်နူးပြီး ပျော်စရာအကြောင်ူအရာလေးတွေကို မိုးစက်က ပြန်လည်မျှဝေးထားတာပြီး ပီတိအပျော်လေးတွေကလည်း အားလုံးကို ကူးစက်စေပါတယ်နော်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T