စက်တင်ဘာလ(၃၀)ရက်နေ့ ယနေ့မနက်မှာတော့ ဘင်ဖီကာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ နာမည်ကြီးကစားသမားအများအပြား ဒဏ်ရာရရှိနေတာကြောင့် ဘာစီလိုနာအသင်းဟာ သက်ကြီးကစားသမားတွေနဲ့ တွဲပြီး လူငယ်တွေကို ပွဲထုတ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုပွဲစဥ်မတိုင်မီ လီဗန်တေးအသင်းကို (၃)ဂိုးပြတ် အနိုင်ရရှိထားတာကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တတ်ကြွနေပြီး ဘာစီလိုနာအသင်းက အနိုင်ရရှိလိမ့်မယ်လို့ ပရိသတ်တွေအများအပြားက ထင်မြင်ခဲ့ကြပါတယ်။
ပွဲစတင်ကစားပြီး (၃)မိနစ်အရောက်မှာတော့ ဘင်ဖီကာအသင်းက ဦးဆောင်ဂိုးရရှိခဲ့ကာ ဘင်ဖီကာတိုက်စစ်မှူး Nunez က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းမှာ ဘင်ဖီကာအသင်းက တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာလည်း ဘင်ဖီကာတိုက်စစ်မှူး Rafa Silva က ဒုတိယမြောက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ တတိယမြောက်အနိုင်ဂိုးကိုတော့ Nunez ကပဲ ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့တာပဲ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ဘင်ဖီကာအသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဒ်မှာ အကြိမ်ကြိမ်ကျဆုံးနေမှုကနေ မရုန်းထနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဒ်အဖွင့်ပွဲစဥ်တုန်းကလည်း ဘိုင်ယန်မြူးနစ်အသင်းကို (၃)ဂိုးပြတ် ရှုံးနိမ့် ထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဒ်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးဘဲ ဘင်ဖီကာအသင်းနဲ့ ရှုံးပွဲကြောင့် အုပ်စုအဆင့်ရဲ့ အောက်ဆုံးနေရာဖြစ်တဲ့ အဆင့် (၄)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် လာမယ့် ချန်ပီယံလိဒ်ပွဲစဥ်တွေကို မဖြစ်မနေအနိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။
Source : Original Uploder