ဖေဖေနဲ့မေမေက မွေးနေ့အကြို Surprise လုပ်ပေးတာကြောင့် ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင် - Myanmarload

ဖေဖေနဲ့မေမေက မွေးနေ့အကြို Surprise လုပ်ပေးတာကြောင့် ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင်

https://s9.kh1.co/04/04a9a85e2b06b75b8499d3476243d99c74d69d92.jpg
အနုပညာရှင်များ
 30-Sep-2021 10am · 2 months ago

ဖေဖေနဲ့မေမေက မွေးနေ့အကြို Surprise လုပ်ပေးတာကြောင့် ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင်

ထိုင်းမင်းသမီးချော Baifern Bah ကတော့ ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ် ။ သရုပ်ဆောင်ဆုများစွာကို ဆွတ်ခူးရရှိထားတဲ့ Baifern က မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အချစ်တွေကိုလည်း သိမ်းပိုက်ထားတာ ဖြစ်ပါတယ် ။ ယနေ့စက်တင်ဘာလ (၃၀)ရက်နေ့ကတော့ အားလုံးရဲ့အချစ်တော် Baifern ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=650,h=813,q=100/40/40221da999ecc0ad0124e60243268a5bc59a4594.jpg
Photo Credit-Baifernbah's IG Acc
https://s9.kh1.co/__image/w=650,h=650,q=100/09/097b07df5e377511c6007f59488e37144df5b3c9.jpg
Photo Credit-Baifernbah's IG Acc
https://s9.kh1.co/__image/w=650,h=813,q=100/52/52ac31e6541d4b776096421e2ac8fbffe2e8cf88.jpg
Photo Credit-Baifernbah's IG Acc

ဒီနေ့မှာတော့ ထိုင်းမင်းသမီးချောလေး Baifern က အသက် (၂၉)နှစ်တိတိ ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ Baifern အတွက် သူမရဲ့ဖေဖေနဲ့မေမေက ပြီးခဲ့တဲ့ရက်ကပဲ မွေးနေ့အကြို Surprise လုပ်ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ Surprise လုပ်ခံရတဲ့ Baifern ကတော့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေခဲ့တာလည်း ဖြစ်ပါတယ် ။ Baifern က ဖေဖေ၊မေမေတို့နဲ့အတူ မွေးနေ့အကြိုကြည်နူးစရာ အမှတ်တရဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ Instagram မှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=650,h=813,q=100/d4/d4cd4b988fb652ef1800db1b709ed4df1adb6607.jpg
Photo Credit-Baifernbah's IG Acc
https://s9.kh1.co/__image/w=650,h=813,q=100/98/9857af4f1c2512b29f736d4c07d76615d90f90c6.jpg
Photo Credit-Baifernbah's IG Acc
https://s9.kh1.co/__image/w=650,h=812,q=100/a0/a077aaa4e0249398c828511378436f111848c0b5.jpg
Photo Credit-Baifernbah's IG Acc

Baifern က မိသားစုမှာ သမီးအကြီးဆုံးဖြစ်ပြီး သူမမှာ မောင်လေးတစ်ယောက်ရှိသေးတာလည်း ဖြစ်ပါတယ် ။ ဖေဖေနဲ့မေမေတို့ဆီကနေ အခုချိန်အထိ ဂရုစိုက်မှုတွေရပြီး အချစ်ခံနေရတဲ့ Baifern ရဲ့အပြုအမူလေးတွေကတော့ အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ Baifern ကိုချစ်တဲ့ပရိသတ်တွေကလည်း Baifern အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦး။

https://s9.kh1.co/__image/w=650,h=813,q=100/73/7300fc0664b139c9fc25ad89b9b277111332ef0d.jpg
Photo Credit-Baifernbah's IG Acc

Source & Video Credit-Baifernbah's IG Acc

https://s9.kh1.co/__image/w=650,h=812,q=100/64/64c9e13e2336d01e4f0ce010682d54d20f8ad50a.jpg
Photo Credit-Baifernbah's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်ဆောင်းပါး