ကပ်ရောဂါဘေးရော စစ်ဘေးကိုပါ အလူးအလဲခံနေရတဲ့ ချင်းပြည်နယ်အတွက် အောက်စီဂျင်အိုးတွေလှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/ba/ba7e3125986fd70815e39e432eba8d03c0a0edad.png
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တိုင်းရင်းသားဒေသတော်တော်များများဟာ စစ်ဘေးဒဏ်ကိုအလူးအလဲခံလာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပါပြီ။ လက်ရှိမှာတော့ တောင်ပေါ်ရောမြေပြန့်အပါအဝင် တစ်နိုင်ငံလုံး မငြိမ်းချမ်းမှုကို ခံစားနေရပြီး ကပ်ရောဂါဆိုးကြီးရဲ့နှိပ်စက်မှုဟာလည်း ယနေ့ထက်တိုင် မငြိမ်းချမ်းသေးပါဘူး။ ပရဟိတအလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ ဒီနေ့မှာတော့ ချင်းပြည်နယ်ဟားခါးမြို့မှာ Covid ကူးစက်မှု အရမ်းကိုများပြားလွန်းတာကြောင့် အောက်ဆီဂျင်အိုး (15) L+ Fllow meter + လေပါ (၃) လုံး၊ အသက်ရှူလမ်းကြောင်း ပိုင်းဆိုင်ရာ အစက်ချဆေးဝါး (၅၀) ဗူး (တန်ဖိုး (၆) သိန်းကျပ်) တို့ကို ချင်းအဖွဲ့အစည်းက ဒေါ်ချယ်ရတီထူးမှတဆင့် ပေးပို့လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw  Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

ချင်းပြည်နယ်မှာလက်ရှိအနေအထားအရ လူနေအိမ်တော်တော်များများလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ပြည်သူအများအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြားမှာ မြေစာပြင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ဘဝဟာ အတော်လေးကိုခါးသက်လွန်းပါတယ်။ လှူဒါန်းသူတွေဟာလည်း ချင်းပြည်နယ်က ပြည်သူတွေကိုစာနာသောအားဖြင့် ဝိုင်းဝန်းလှူဒါန်းကြပေမယ့် ကိုယ်ပိုင်ဆိုင်ရတဲ့ အိမ်လေးဆုံးရှုံးသွားရတဲ့ ခံစားချက်ကတော့ ဘယ်အရာနဲ့ဆို အစားထိုးပြီး ဖြေဖျောက်နိုင်မှာမဟုတ်ပါဘူး။

Photo Credit - Wai Lu Kyaw  Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

စစ်ဘေးကိုကြောက်လို့ရှောင်ပုန်းနေရတဲ့အခြေအနေမှာတောင် ကပ်ရောဂါဆိုးကြီးရဲ့ နှိပ်စက်မှုကိုလည်း အလူးအလဲခံနေရတဲ့ ချင်းပြည်နယ်လေးအတွက် ဝေဠုကျော်က အခုလိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ မငြိမ်းချမ်းခြင်းတွေ အမြန်ဆုံးအဆုံးသတ်ပြီး သာယာအေးချမ်းတဲ့နေရက်တွေကို ပြည်သူအများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Photo Credit - Wai Lu Kyaw  Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T