ချစ်သူနဲ့အတူ လမ်းခရီးကြမ်းတဲ့ရွာလေးကို အရောက်သွားပြီး သံဃာတော်တွေကို လှူဒါန်းမှုတွေလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/fa/fa1a50f9edf02fc2cb52f1788e4cf498477b0117.png
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကလေးတို့မေမေခိုင်နှင်းဝေဟာ ရင်ခွင်မဲ့ကလေးတွေတင်မကဘဲ အကူအညီလိုအပ်နေတဲ့ ဘယ်သူ့ကိုမဆို သူမတတ်နိုင်ရင်အမြဲတမ်းကူညီပေးတတ်သူတစ်ယောက်ပါ။ ဒီနေ့မှာလည်း ဘုရားကုန်းကျေးရွာမှာ သံဃာတော် အပါး (၃၀) တို့အား ဝတ္တုငွေ (၅) ထောင်၊ ဆန်(၃) ပြည်နဲ့ ကော်ဖီထုပ်များ လှူဒါန်းခဲ့ပါတယ်။ သူမရဲ့အလှူပုံရိပ်တွေကို ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်နိုင်အောင်ဝေမျှပေးခဲ့ပါသေးတယ်။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလို ရွာသူရွာသားတွေကလည်း သူမကိုသိပ်ချစ်ပြီး ဂရုစိုက်ပေးခဲ့ကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

လမ်းခရီးအနည်းငယ်ကြမ်းတမ်းတာကြောင့် ကားသွားလို့အဆင်မပြေတဲ့အခြေအနေတွေမှာ ရွာကလူတွေက ကားကိုဝိုင်းတွန်းပေးခဲ့ကြသလို ခြေလျင်လျောက်ရတဲ့အချိန်မှာလည်း မတော်တဆ ချော်လဲသွားတဲ့သူမကို ဝိုင်းဝန်းထူမပြီးဂရုစိုက်ပေးခဲ့ပါတယ်။ ရွာကထွက်တဲ့ သီးနှံတွေကိုလည်း သူမအတွက်လက်ဆောင်တွေပြန်ထည့်ပေးလိုက်ကြပါသေးတယ်။ စိတ်ထားဖြူစင်တဲ့ရွာသူရွာသားတွေနဲ့ ပရဟိတမင်းသမီးတို့ရဲ့ အပြန်အလှန်မေတ္တာတရားက ကြည်နူးစရာပါပဲ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ခက်ခဲတဲ့နေရာတွေကို ကိုယ်တိုင်အရောက်သွားပြီးလှူဒါန်းပေးတဲ့ သူမရဲ့စေတနာဟာလည်း အံ့မခန်းပါပဲ။ သူမဘယ်သွားသွား အနားမှာအမြဲတမ်းရှိပြီး ပါရမီဖြည့်ပေးတဲ့ ချစ်သူနဲ့အတူ ဒီလိုအလှူလေးတွေ လုပ်ရတာဟာ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရတွေပါပဲ။ ဘယ်လောက်ပဲခက်ခဲပါစေ အနားမှာအမြဲတမ်း ရှိနေပြီး လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ပေးခဲ့တဲ့ချစ်သူကို ပိုင်ဆိုင်ထားရတာဟာလည်း မေမေခိုင်နှင်းဝေအတွက်တော့ ကံကောင်းခြင်းတွေထဲက အကောင်းဆုံးသောအချက်တစ်ချက်ပါပဲ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T