ကယား စစ်ဘေးရှောင် ပြည်သူတွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများနဲ့ ပစ္စည်းများကို အခက်အခဲတွေ ကြားက လှူဒါန်းပို့ဆောင်ပေးခဲ့တဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/7b/7b661d93f9d7d18f3b9df286753fa4808249f229.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

တောင်တန်းဒေသတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး ပြည်သူတွေ တော်တော်များများကလည်း အသက်ဘေးအန္တရာယ် ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရဆဲပါ ။ မိုးတွင်းကာလလည်း ဖြစ်တာကြောင့် အခက်အခဲတွေကတော့ အလွန်များပြားလှပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအရာရာ ခက်ခဲနေကြပြီး အစားအသောက် နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအပြား လိုအပ်နေကြတာလည်း ဖြစ်ပါတယ်။ ပြည်မက ပြည်သူတွေကလည်း လူသားချင်းစာနာစွာ တတ်နိုင်သလောက်တော့ ဝိုင်းဝန်း ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးကြတာကို တွေ့ရပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 

အခုလည်း ဆရာတော်တစ်ပါးက ကယားပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေ အတွက် လိုအပ်နေတဲ့ စားနပ်ရိက္ခာများနဲ့ အသုံးအဆောင် ပစ္စည်းများကို ခက်ခဲတဲ့ အခြေအနေတွေကြားကနေမှ မရရအောင် ပို့ဆောင် ကူညီပေးခဲ့တာကို တွေ့ရပါတယ် ။ ဆရာတော်ကတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီမှုတွေ ပေးလာတာ အချိန်ကာလ ကြာမြင့်နေပြီလို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် အလှူ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Source & Photo Credit : ရွှေပါရမီ ပညာဒါန Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T