ထူးခန့်ကျော်ရဲ့ ကိုယ်တိုင်ဆေးကုသပေးမှုကြောင့် နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဒူးနာဝေဒနာ သက်သာလာတဲ့ သရုပ်ဆောင်ဒေါ်တူး

//s9.kh1.co/fb/fbc6abb6f9c6b19602fe21805a58260ad3b1eab2.jpg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ထူးခန့်ကျော်ရဲ့ ကိုယ်တိုင်ဆေးကုသပေးမှုကြောင့် နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဒူးနာဝေဒနာ သက်သာလာတဲ့ သရုပ်ဆောင်ဒေါ်တူး

အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ သူတတ်ကျွမ်းတဲ့ ပညာနဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေပါတယ်။ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ ထုံကျင်ကိုက်ခဲ လေဖြတ် လေငန်း အရိုး အကြောစတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပြည်သူတွေကို ကိုယ်တိုင်ဆေးကုသပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဆီကို အနုပညာနယ်ပယ်က အနုပညာရှင်အချို့လည်း လာရောက်ပြီး ဆေးကုသမှု ခံယူတာတွေ ပြုလုပ်နေကြပါတယ်။

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc

စက်တင်ဘာလ (၂၇)ရက်နေ့ မနေ့ကတော့ ထူးခန့်ကျော်တစ်ယောက် သရုပ်ဆောင်ဒေါ်တူးကို ကိုယ်တိုင် ဆေးကုသပေးနေခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဟာသ သရုပ်ဆောင်ဖြစ်သူ ဒေါ်တူးဟာ ဒူးဝေဒနာကို နှစ်ပေါင်းများစွာ ခံစားနေရတာပဲ  ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးခန့်ကျော်ရဲ့ ဆေးကုသပေးမှုကြောင့် ယခုမှာတော့ ဒေါ်တူးတစ်ယောက် ဒူးနာတဲ့ ဝေဒနာကနေ သက်သာလာပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc

ထူးခန့်ကျော်ကတော့ သူရဲ့ဆေးကုသပေးမှုကြောင့် ဒေါ်တူးတစ်ယောက် ခံစားနေရတဲ့ ဝေဒနာကနေ သက်သာလာပြီဖြစ်လို့ အလွန်ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။ ထူးခန့်ကျော်ကတော့ " ဒီထက်မကအန်တီတူးရဲ့နာကျင်နေသော ဒူးဝေဒနာ အမြန်မကြာသက်သာပျောက်ကင်းပါစေ၊ (၇)ရက်သားသမီးများ၏ဝေဒနာများအား ဒီထက်မကပါရမီဖြည့်ကုသနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ "ဆိုပြီး ဆုတောင်းပေးထားပါတယ်။ ဒေါ်တူးကို ဆေးကုသပေးနေတဲ့ ထူးခန့်ကျော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source -Htoo Khant Kyaw's FB Acc

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T