ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း အာဏာရှင် လူတစ်စုဘက်က ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ သေဆုံးခဲ့ရတဲ့ အဘိုးအိုတစ်ဦး

//s9.kh1.co/52/52a42b4ca357c622a325224f9d6cd4fad7950fa9.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

အာဏာသိမ်းမှုဖြစ်ပွားအပြီး တောင်တန်းဒေသတွေမှာ အာဏာရှင် လူတစ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ခမျာလည်း ဘေးလွတ်ရာနေရာတွေ၊တောတောင်တွေထဲ သွားရောက်ပြီး စစ်ဘေးရှောင်နေခဲ့ရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

စစ်ဘေးရှောင်ပြည်သူတွေထဲ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအများဆုံးပါဝင်နေကြကာ အကူအညီတွေလည်း လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် အပြစ်မဲ့ ဒေသခံတွေ ခမျာ လက်နက်တွေ ထိမှန်ကာ ဒဏ်ရာ ရရှိတာတွေ သေဆုံးကြတာတွေ တွေ့နေရတာလည်း စိတ်မကောင်းစရာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတိုက်ပွဲအတွင်းမှာ အာဏာရှင်လူတစ်စုဘက်က ပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးသွားတဲ့ အသက် ၇၀ဝန်းကျင် အဘိုးအိုတစ်ဦးရဲ့ သတင်းလေးကိုတွေ့ရပါတယ် ။ ဒီအဘိုးရဲ့ ရုပ်အလောင်းကို သွားပို့နေစဉ် လမ်းခရီးမှာလည်း သုဿန်အနီးမှာ မိုင်းနင်းမိမှုကြောင့် ကားအရှေ့ပိုင်းအနည်းငယ် ထိမှန်ခဲ့ရတယ်လို့လည်း သိရပါတယ် ။ ကားထဲမှာ ပါလာသူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိဘူးလို့လည်း ဆိုထားပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို ဝေမျှပေးရင်း အားလုံးဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T