ဖမ်းဆီးခံထားရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်တို့ကို လွမ်းဆွတ်သတိရလို့ ပုံတူပန်းချီလေး ရေးဆွဲခဲ့တဲ့ ဒါရိုက်တာကိုပေါက်

//s9.kh1.co/bd/bde917aff70889e9b5351255a30df632f8a73f33.jpg
အနုပညာရှင်များ

 ၂၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးခံထားရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်တို့ကို လွမ်းဆွတ်သတိရလို့ ပုံတူပန်းချီလေး ရေးဆွဲခဲ့တဲ့ ဒါရိုက်တာကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒါရိုက်တာကိုပေါက်တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 

ဒါရိုက်တာကိုပေါက်ကတော့ ယခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူမင်း၊ပြေတီဦး၊ပိုင်တံခွန်နဲ့အူဝဲတို့ကို တောထဲတစ်နေရာကနေ လွမ်းဆွတ်သတိရနေခဲ့ပါတယ်။ အနုပညာရှင်ညီအစ်ကို မောင်နှမတွေဖြစ်ကြပြီး မိသားစုဝင်တွေလို ချစ်ခင်ရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံတူပန်းချီကားလေးတွေကို ကိုပေါက်တစ်ယောက် ရေးဆွဲနေခဲ့ပါတယ်။ ကိုပေါက်ကတော့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီလေးတွေကို ပြည်သူတွေရှေ့ ချပြလာခဲ့ပါတယ်။

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 

ကိုပေါက်တော့ " တစ်ယောက်က အစ်ကိုလို တစ်ယောက်ကသူငယ်ချင်း တစ်ယောက်က ညီမလို တစ်ယောက်က ညီလို တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြရင်း ခရီးတစ်ထောက်မှာ သူတို့တွေ ဒါဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ကြတယ် ဒီနေ့ သူတို့တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများ " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာကနေ ဒါရိုက်တာကိုပေါက်ရေးဆွဲထားတဲ့ လူမင်း၊ပြေတီဦး၊ အူဝဲ၊ပိုင်တံခွန်တို့ရဲ့ ပုံတူပန်းချီလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: aung min naing 's facebook acc 

Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Photo Credit: aung min naing 's facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T