ဘရူနိုတစ်ယောက် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် မန်ယူပရိသတ်တွေဘက်ကို လှည့်ကာ လှောင်ပြောင်ခဲ့တဲ့ ဗီလာဂိုးသမား Martinez ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/3c/3c68e9ca9a946304bd89bd3fdb8d46233ceece9f.jpg
အားကစားသတင်းများ

 ၂၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘရူနိုတစ်ယောက် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် မန်ယူပရိသတ်တွေဘက်ကို လှည့်ကာ လှောင်ပြောင်ခဲ့တဲ့ ဗီလာဂိုးသမား Martinez ရဲ့ဗီဒီယိုဖိုင်

စက်တင်ဘာလ(၂၅)ရက်နေ့ မနေ့ညကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ အိုးထရက်ဖို့စ်ကွင်းကြီးမှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ ဗီလာအသင်းကလည်း လူစုံထုတ်လာခဲ့တာဖြစ်သလို မန်ယူအသင်းကလည်း EFL Cup ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး ထွက်ခွာလာရတာ​ကြောင့် နောက်ထပ်ရှုံးပွဲမကြုံတွေ့ရစေဖို့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်သာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒုတိယပိုင်း ပွဲချိန်(၈၈)မိနစ်အရောက်မှာတော့ ဗီလာကွင်းလယ်လူ Luiz က အနိုင်ဂိုးသွင်းယူပေးလို့ တစ်ဂိုးဂိုးမရှိနဲ့ ဗီလာအသင်းတို့ အနိုင်ရရှိနေခဲ့ပါတယ်။ မိနစ်(၉၀)ကျော်လို့ နာကျင်အချိန်ပိုမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ချေပဂိုးသွင်းယူနိုင်မယ့် ပင်နယ်တီရရှိခဲ့ပါတယ်။ သရေတစ်မှတ် ရရှိစေမယ့် အဆိုပါပင်နယ်တီကို မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုက ကန်သွင်းယူခဲ့ပေမယ့် ဂိုးဘားတန်းပေါ်ကျော်တတ်ပြီး လွဲချော်ခဲ့ပါတယ်။ မန်ယူအသင်းတို့ ဗီလာကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီ (၃)ပွဲမြောက်ရှုံးပွဲလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အက်စတွန်ဗီလာအသင်းရဲ့ဂိုးသမား Martinez ကတော့ ဘရူနိုရဲ့ ပင်နယ်တီကန်သွင်းမှု လွဲချော်ခဲ့ပြီးနောက် မန်ယူအသင်းပရိသတ်တွေဘက်ကို လှည့်ကာ လှောင်ပြောင်အောင်ပွဲခံခဲ့ပါတယ်။အသက်(၂၉) နှစ်အရွယ်ရှိ ဗီလာဂိုးသမား Martinez ကတော့ မန်ယူပရိသတ်တွေအများအပြားရှိတဲ့ ဘက်ကိုလှည့်၍  ကပြကာ လှောင်ပြောင်အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်။ ဘရူနိရဲ့ ပင်နယ်တီအပေါ်ကို ထောင်တတ်သွားပြီးနောက် မန်ယူပရိသတ်တွေကို လှောင်ပြောင်ပြီး အောင်ပွဲခံခဲ့တဲ့ Martinez ရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T