ကျူးရပ်ကွက်က ကလေးငယ်လေးများကို ဒိန်ချဉ်များ လှူပေးရင်း အလုအယက် လာယူကြလို့ ပီတိဖြစ်နေတဲ့ ဝေဠုကျော်

//s9.kh1.co/0d/0db6e5ebbbc07896dcad6dbc51f66d76bb2f487a.jpeg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်ကာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး လိုအပ်နေသူတွေအတွက် အမြဲဖေးမကူညီတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကိုတော့ ပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေကြတာ ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းလျက်ရှိပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ဒီလိုကာလမှာဆိုရင်လည်း ပိုလို့တောင် အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို့ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ပရိဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင် မမေမပန်းနိုင်အောင် နေ့ရက်တိုင်း လိုက်လံ ကူညီဆောင်ရွက်ပေးနေတာ လေးစားစရာပါပဲ ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

အခုလည်း ကျူးရပ်ကွက်က ကလေးငယ်လေးများကို ဒိန်ချဉ်များ ကိုယ်တိုင် သွားရောက် ဝေဌပေးခဲ့တာကိုတွေ့ရပါတယ် ။ ကလေးငယ်လေးတွေက ဒိန်ချဉ် အရမ်းကြိုက်ကြလို့ အလုအယက် လာယူကြတာကြောင့် အတိုင်းမသိ ကြည်နူး ပီတိဖြစ်ရတယ်လို့လည်း ဆိုပါတယ် ။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူပုံရိပ်တွေကို ဝေမျှပေးလိုက်ပါရစေ ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T