မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာတဲ့ ပန်ဆယ်လို - Myanmarload

မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာတဲ့ ပန်ဆယ်လို

https://s9.kh1.co/28/2814ada6d0e6330dac4b4d818702750c24a2b2c0.jpeg
နေ့စဉ်သတင်းများ
 20-Sep-2021 2pm · a month ago

..

ပရိသတ်အားပေးလက်ခံမှုတွေကို ရရှိထားတဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ပန်ဆယ်လိုကတော့ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ပနိုင်ငံကို ရောက်ရှိနေတဲ့ သူမကတော့ မြေပြင်ရှိတော်လှန်ရေးရဲဘော်တွေအတွက် ကူညီထောက်ပံ့မှုတွေ အတတ်နိုင်ဆုံး ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/93/936cb9a29036e1e0a268bff5cb03adeaf764d8ae.jpeg
Photo Credit - ပန် ဆယ် လို Fb Acc
https://s9.kh1.co/__image/w=650,h=302,q=100/dd/dd20eb9684e6913368d93f85d50fec6c75b20cbc.jpeg
Photo Credit - ပန် ဆယ် လို Fb Acc

ချစ်ခင်သူတွေရှိသလို မလိုလားသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြုံတွေ့နေရတဲ့ ပန်ဆယ်လိုကတော့ မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာပါတယ်။ ဒီပဲရင်း PDF တွေအတွက် ကူညီငွေ သိန်း(၅၀)ကို ပေးပို့ထောက်ပံ့ခဲ့တာဖြစ်ပြီး လက်ခံရရှိအောင်ပြောထားတဲ့ ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်လေးကိုလည်း သက်သေပြမျှဝေထားပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/33/33cc18e3185c40273e5a2da6e59340c3bd4067f4.jpeg
Photo Credit - ပန် ဆယ် လို Fb Acc
https://s9.kh1.co/__image/w=650,h=489,q=100/7c/7c88d44a4ef623636ab55856159ee4cef2b1f683.jpeg
Photo Credit - ပန် ဆယ် လို Fb Acc

သူမနာမည်နဲ့တကွ လက်ခံရရှိကြောင်း ပြောပေးကြရတဲ့အတွက် မြေပြင်ကလူတွေကို အားနာရပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေကို မလိုချင်ပေမယ့် သက်သေတောင်းကြတဲ့ လူတွေကြောင့်သာ ဖော်ပြရခြင်းဖြစ်တာကိုလည်း ပန်ဆယ်လိုက ပြောပြထားပါသေးတယ်။ အခက်အခဲ အတိုက်အခိုက်တွေကြားက ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းကြရမှာဖြစ်တဲ့အကြောင်းတွေကိုလည်း သတိပေးဝေမျှရင်း ဗီဒီယိုဖိုင်လေးငို တင်ပေးလာတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=357,q=100/11/1141ad1c9c4a7d55ee7c7cf3a45a4e8b4bd032b1.jpeg
Photo Credit - ပန် ဆယ် လို Fb Acc

သတင်းအရင်းအမြစ်ပန် ဆယ် လို Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး