သူတို့ကိုလှူတဲ့ အလှူငွေတွေကို PDF ရဲဘော်တွေအတွက် ပြန်လည်လှူဒါန်းလိုက်တဲ့ ဟားငါးကောင်အဖွဲ့ - Myanmarload

သူတို့ကိုလှူတဲ့ အလှူငွေတွေကို PDF ရဲဘော်တွေအတွက် ပြန်လည်လှူဒါန်းလိုက်တဲ့ ဟားငါးကောင်အဖွဲ့

https://s9.kh1.co/43/436e0d656424377b7c48a748780217cb18f2a15a.jpeg
အနုပညာရှင်များ
 20-Sep-2021 1pm · a month ago

..

ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကနေ တော်လှန်ရေးအရေးတော်ပုံကြီးအတွက် အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။ အနုပညာရှင်တွေဖြစ်ကြပေမယ့် အခြေအနေအရ လက်နက်ကိုင်တော်လှန်နေသလို မြတ်နိုးရတဲ့အနုပညာအလုပ်တွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ တော်လှန်နေကြတာ တွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=303,q=100/09/0955b543502abcad3a8ad85e883314dc8a771295.jpeg
Photo Credit - Ko Ko Poe Lay's Fb Acc
https://s9.kh1.co/__image/w=650,h=356,q=100/66/66d76c9a3dc32dca8b74f6e5f99f6b5387ab4609.jpeg
Photo Credit - Ko Ko Poe Lay's Fb Acc

ကျရာတာဝန်ထမ်းရင်း ပြည်သူ့အကျိုးပြုနေကြတဲ့ သူရဲကောင်းတွေထဲမှာ အပါအဝင်ဖြစ်လာတု့ ဟားငါးကောင်ကတော့ သူတို့ကိုလှူထားတဲ့ အလှုငွေတွေကို မျိုးဆက်သစ် GZ လူငယ် PDF တွေအတွက် ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တောထဲရောက်နေတဲ့ သူတို့ရဲ့ အသုံးစရိတ်အတွက် ပြည်သူတွေလှူဒါန်းထားတဲ့ ငွေသိန်း (၅၀)ကို PDF တွေအတွက် ပြန်လည်ထောက်ပံ့လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1441,q=100/50/5027678c6472f2e2c398310bf1455a68b82a51c5.jpeg
Photo Credit - Ko Ko Poe Lay's Fb Acc
https://s9.kh1.co/__image/w=528,h=541,q=100/ea/ea654ae756cf78e027ab20fa915d50aad8439b6c.jpeg
Photo Credit - Ko Ko Poe Lay's Fb Acc

မွန်မြတ်တဲ့စိတ်ထားတွေနဲ့ ပြည်သူအချင်းချင်း အနစ်နာခံပေးဆပ်နေကြတဲ့ သူရဲကောင်းစိတ်ဓာတ်တွေကတော့ ပြည်သူတွေအဖို့ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းကြပါတယ်။ ဒီကနေ့မှာတော့ ဟားငါးကောင်အဖွဲ့ရဲ့ လှူဒါန်းမှုလေးတွေကိုလည်း အားလုံးက ဝမ်းသာအားရ ချီးကျူးနေကြတာလည်း တွေ့ရပါတယ်နော်။ 

https://s9.kh1.co/__image/w=650,h=488,q=100/c6/c65894d3dddad34c90859e9a8b393122b52349fd.jpeg
Photo Credit - Ko Ko Poe Lay's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး