ဂျာမနီနိုင်ငံ "Oldenburg International Film Festival " မှာ Seymour Cassel Award for Best Performance ဆုအား ချီးမြှင့်ခြင်းခံရတဲ့ အိန္ဒြာကျော်ဇင်

//s9.kh1.co/30/307852b2f513746eb9c9c0a272850d348e992112.jpg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ စက်တင်ဘာလ (၁၅) ရက်နေ့ကနေ စက်တင်ဘာ (၁၉)ရက်နေ့အထိကျင်းပပြုလုပ်တဲ့ "Oldenburg International Film Festival " ပွဲမှာ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ “What happened to the wolf?” ဇာတ်ကားကြီးလည်း ရွေးချယ်ခံရပြီး ပြသခွင့် ရခဲ့တာဖြစ်ပါတယ်။ ဒီ ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ အိန္ဒြာကျော်ဇင် နှင့် အကယ်ဒမီ ပိုင်ဖြိုးသု တို့က သဘာဝကျကျနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Photo Credit - what happened to the wolf

“What happened to the wolf?” ဇာတ်ကားကြီးပြသချိန်မှာလည်း မြန်မာပရိသတ်အပါအဝင် လာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေလည်း အများအပြားရှိခဲ့ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါပွဲကိုတက်ရောက်ခဲ့တဲ့ Festival Director ဖြစ်သူ Torsten Neumann နဲ့တာဝန်ရှိသူတွေကလည်း အိန္ဒြာကျော်ဇင်စာတန်းပါ တီရှပ်ကိုဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf

စတင်ဘာလ (၁၉)ရက်နေ့ "Oldenburg International Film Festival "ရဲ့ ဆုပေးပွဲမှာတော့ Seymour Cassel Award for Best Performance ဆုအား "what happened to the wolf?" ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်က ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အိန္ဒြာကျော်ဇင် ရဲ့ သရုပ်ဆောင်မှုမှာ ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ကို ဏကြီးရဲ့ "what happened to the wolf?" ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်လို့ Advisory Board Jury Member, and Award-winning actress, Deborah Kara Unger (Crash, The Game) က ကြေညာခဲ့တာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - what happened to the wolf

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T