ရန်သူတွေကိုတိုက်ထုတ်ရင်း အသက်ပေးကျဆုံးသွားတဲ့ KNU မှ သူရဲကောင်းစစ်ဗိုလ်လေးရဲ့ နောက်ဆုံးဈာပနခရီး - Myanmarload

ရန်သူတွေကိုတိုက်ထုတ်ရင်း အသက်ပေးကျဆုံးသွားတဲ့ KNU မှ သူရဲကောင်းစစ်ဗိုလ်လေးရဲ့ နောက်ဆုံးဈာပနခရီး

https://s9.kh1.co/f6/f633a4a232f930a56339bec41abfb10e263ca3d0.jpeg
နေ့စဉ်သတင်းများ
 20-Sep-2021 11am · 3 months ago

..

ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေမှာ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရတာကြောင့် လူငယ်တော်တော်များများဟာ ကျရာဝန်ထမ်းကာ လက်နက်ကိုင်တော်လှန်နေကြရတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ တောင်ပေါ်ဒေသတော်တော်များများမှာ နေရာအနှံ့အပြား တိုက်ပွဲတွေပြင်းထန်လာပြီး အသက် ပေးသွားကြရတဲ့ သူရဲကောင်းတွေလည်း ဒူးနဲ့ဒေးပါပဲ။ 

https://s9.kh1.co/__image/w=650,h=790,q=100/ea/eae4ec80475a55238bf17c8dd3fa8e018d8308bb.jpeg
Photo Credit - Original Uploader

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ကလည်း စကစတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KNU/KNLA အမှတ် (၁၀၂) တပ်ရင်းမှ သူရဲကောင်းစစ်ဗိုလ်တစ်ဦး ကျဆုံးသွားခဲ့ရပါတယ်။ အာဇာနည် သူရဲကောင်း ဗိုလ်စောကျော်ရိန်းဟာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ပြည်သူတွေအားလုံးအတွက် တာဝန်ကျေပွန်စွာ အသက်ပေးကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/31/3148f1ea7d1d493f7e03e731e77f701c7147b06e.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=867,q=100/48/48d2adc042ebe5eebcdc7f522c82ca94bb502b64.jpeg
Photo Credit - Original Uploader

အာဇာနည် သူရဲကောင်း ဗိုလ်စောကျော်ရိန်းရဲ့ နောက်ဆုံးဈာပနခရီးကိုလည်း မိသားစုတွေနဲ့အတူ ရဲဘော်တွေကလည်း လိုက်ပါပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကြသလို အသက်ဆုံးရှုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေမှာဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြရတာလည်း ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/ff/ffdfa5a66279575c0a2d1f01bfa1f1e1249b3f48.jpeg
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး