Penthouse ဇာတ်ကားထဲက သူမရဲ့ Fashion အတိုင်း အရုပ်လေးတွေပို့ပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းပျော်နေခဲ့တဲ့ Eugene

//s9.kh1.co/68/68c7f232a809c8ad20c022a2e95086ac4f3570f5.jpeg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

Penthouse ဇာတ်ကားဟာ နိုင်ငံတကာပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားပြီး အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ တစ်ဇာတ်လုံး အနိမ့်အမြင့်အတက်အကျတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကို အဆုံးစွန်ထိရောက်အောင် ဆွဲခေါ်နိုင်ခဲ့တဲ့ စာရေးဆရာမ ကင်ဆန်းအုပ်ရဲ့အရည်အချင်းဟာလည်း တော်ရုံမဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ဇာတ်ကွက်တွေဟာ အားလုံးကို အံ့အားသင့်စေခဲ့ပြီး ပါဝင်သရုပ်ဆောင်သူတွေဟာလည်း အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တွေချည်းပါပဲ။ ဇာတ်ကားတင်မကဘဲ ဇာတ်ဆောင်တွေရဲ့ Fashion တွေဟာလည်း တကယ့်ကိုစျေးကြီးပြီး မိုက်လွန်းတဲ့ Branded တွေပါပဲ။ 

Photo Credit - Eugene's IG Acc
Photo Credit - Eugene's IG Acc

ဇာတ်ကားထဲမှာ အိုယွန်ဟီးလို့ပရိသတ်တွေသိကြတဲ့ Eugene ဟာ အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်ဖြစ်သည့်တိုင် သူမရဲ့အလှတရားတွေကတော့ လန်းဆန်းနေဆဲပါပဲ။ ချမ်းသာသွားတဲ့ ဇာတ်ဝင်ခန်းတွေမှာ သူမ ဝတ်ဆင်ခဲ့တဲ့ အလန်းဆုံး Fashion တွေဟာ မျက်စိထဲစွဲလောက်စရာပါ။ ဒီနေ့မှာတော့ သူမရဲ့နိုင်ငံတကာပရိသတ်တွေဟာ ဇာတ်လမ်းတွဲမှာ သူမ ဝတ်ခဲ့တဲ့ Fashion အမိုက်စားတွေကို အရုပ်လေးတွေပုံစံဖန်တီးပြီး လက်ဆောင်ပေးခဲ့ကြပါတယ်။ ဒီလက်ဆောင်လေးတွေကို သဘောကျကြောင်းနဲ့ သူမကိုချစ်ပေးလို့ ကျေးဇူးတင်ကြောင်းကို သူမရဲ့ အင်စတာဂရမ်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ 

Photo Credit - Eugene's IG Acc
Photo Credit - Eugene's IG Acc
Photo Credit - Eugene's IG Acc
Photo Credit - Eugene's IG Acc

Season (1) ကနေ (3) အထိ စိတ်လှုပ်ရှားစွာ ကြည့်လာခဲ့ရတဲ့ပရိသတ်တွေဟာ အဆုံးသတ်ကိုလည်း မျက်ရည်လည်ရွှဲနဲ့ လက်ခံပေးခဲ့ကြပါတယ်။ Rating ကောင်းကောင်းရရှိခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ခိုင်ခိုင်မာမာရခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ဖန်တီးသူရော ပါဝင်သူတွေရောအားလုံးရဲ့ တော်လွန်းတဲ့အရည်အချင်းတွေကြောင့်ပါပဲ။ ဇာတ်ကားပြီးသွားတာတောင် လွမ်းတသသဖြစ်ကျန်ခဲ့အောင် ဖန်တီးနိုင်ခဲ့တဲ့ အားလုံးရဲ့အရည်အချင်းကတော့ အံ့မခန်းပါပဲ။ 

Photo Credit - Eugene's IG Acc
Photo Credit - Eugene's IG Acc

သတင်း အရင်းအမြစ်Eugene's IG Acc


Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T