Nathan Paulin လို့ခေါ်တဲ့ ပြင်သစ်နိုင်ငံသား အမျိုးသားတစ်ဦးဟာ မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့မှာ လေပေါ်မှာတန်းထားတဲ့ ကြိုးပေါ်မှာ လမ်းလျှောက်ပြခဲ့ပါတယ်။
ကြိုးတန်းလမ်းလျှောက်သူဖြစ်တဲ့ Nathan ဟာ
Eiffel Tower နဲ့ Theatre National de Chaillot အနုပညာဇာတ်ရုံတို့အကြားမှာ မီတာ ၆၀၀ လောက်အကွာအဝေးကို ကြိုးတန်းထားခဲ့ပြီး ဘာအကာအကွယ်မှမပါပဲနဲ့ လမ်းလျှောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
လျှောက်နေတဲ့အချိန်အတွင်းမှာတော့ အောက်ကနေလှမ်းမြှော်ကြည့်နေတဲ့ လူအုပ်ကြီးကြောင့် စိတ်လှုပ်ရှားခဲ့ပေမယ့်လည်း သူ့အနေနဲ့အကောင်းမွန်ဆုံးအနေအထားနဲ့ လျှောက်ပြနိုင်ခဲ့ပါတယ်။
Nathan အနေနဲ့လည်း ဒီကြိုးတန်းကိုတပ်ဆင်ဖို့အတွက် ခွင့်ပြုချက်ယူတဲ့နေရာမှာ အခက်အခဲရှိခဲ့သလို လျှောက်တဲ့အချိန်မှာလည်း ဖိအားတွေအများကြီးရှိနေခဲ့ပေမယ့် လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ရပါတယ်လို့ ပြောကြားထားပါတယ်။
Nathan လမ်းလျှောက်နေတဲ့အချိန်မှာတော့ အောက်ကလူအုပ်ကြီးဟာ စိတ်ဝင်တစားနဲ့ ကြည့်ရှုနေခဲ့ကြပြီး လက်ခုပ်တီးပီးအားပေးသူတွေကလည်း အားပေးခဲ့ကြပါတယ်။
Nathn လမ်းလျှောက်နေတဲ့ အမြင့်ဟာတော်တော်လေးမြင့်ပြီး ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာ အောက်ကဗီဒီယိုလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Reuters