ဝမ်းရေးအတွက် ရှိတာလေးထုတ်ရောင်းဖို့ပြင်နေစဥ် ​ပစ္စည်းအခိုးခံရလို့ စိတ်ဓာတ်တွေကျနေတဲ့ ခင်စန်းဝင်း

//s9.kh1.co/46/46d4aabe26b96f5162aa52052e953cdcb9b3a869.png
အနုပညာရှင်များ

 ၁၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အခုလိုအကျပ်အတည်းကာလတွေမှာ လူတိုင်းရဲ့ စားဝတ်နေရေးဟာ အရင်ကထက်ပိုခက်ခဲလာခဲ့ပါတယ်။ခက်ခဲလာတာနဲ့အတူ ဒစရိုက်မှုတွေဟာလည်း အရင်ကထက်ပိုပြီးများလာခဲ့ပါတယ်။ ဒီနေ့မှာလည်း မိတ်ကပ်ခင်စန်းဝင်းတစ်ယောက် စားဝတ်နေရေးအတွက် သူမရှိတဲ့ပစ္စည်းလေးတွေထုတ်ရောင်းဖို့ ပြင်နေစဥ်မှာပဲ ကားနောက်ကြည့်မှန်ဖြုတ်ခိုးခံရတဲ့အကြောင်း လူမှုကွန်ယက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

အခုလိုငွေကြေးရှားပါးနေချိန်မှာ ကားနောက်ကြည့်မှန်တစ်ချပ်ရဲ့တန်ဖိုးဟာလည်း မနည်းလှပါဘူး။ နောက်ကြည့်မှန်မရှိဘဲ ကားမောင်းဖို့အဆင်မပြေနိုင်တာကြောင့် မဖြစ်မနေပြန်ဝယ်တပ်ရတော့မှာပါ။ ယခင်ကလည်း ကားဘောနက်ပေါ်က နောက်ကြည့်မှန်ဖြုတ်ခိုးခံရပြီးနောက် ထပ်ခိုးခံရမှာဆိုးလို့ ပြန်မတပ်ပေမယ့် အခုတော့ နောက်တစ်ခုပါထပ်ပြီး အခိုးခံရတာကြောင့် အတော်လေးစိတ်သောက ဖြစ်နေခဲ့ပါတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

ဒီအကြောင်းကို ရင်ဖွင့်ပြီးနောက်မှာ သူမရဲ့ ခင်မင်ရင်းနှီးသူတွေက စိတ်မကောင်းကြောင်းမှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။ ထမင်းတစ်လုပ်စာအတွက် ခိုးဆိုးလုနှိုက်ပြီး ဖြတ်သန်းရတဲ့ အခြေအနေတွေလည်း အမြန်ဆုံးလွန်မြောက်ပြီး တစ်နိုင်ငံလုံးအေးချမ်းရတဲ့ အရင်လိုနေ့ရက်တွေ ပြန်ရောက်စေဖို့ ပြည်သူအားလုံးကလည်း မျှော်လင့်နေကြပါတယ်။

Photo Credit - Khin San Win's FB Acc
Photo Credit - Khin San Win's FB Acc

သတင်း အရင်းအမြစ်Khin San Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T