စားသောက်ကုန်များကို ဈေးလျော့ရောင်းပေးတဲ့ အပြင် သက်ကြီးရွယ်အိုများပါပါက အိမ်အထိ ပို့ဆောင်ပေးခဲ့ကြတဲ့ လူငယ်လေးများ - Myanmarload

စားသောက်ကုန်များကို ဈေးလျော့ရောင်းပေးတဲ့ အပြင် သက်ကြီးရွယ်အိုများပါပါက အိမ်အထိ ပို့ဆောင်ပေးခဲ့ကြတဲ့ လူငယ်လေးများ

https://s9.kh1.co/c2/c2f82867e85718d393b9c7c55aa7b6c2b51eda44.jpeg
နေ့စဉ်သတင်းများ
 18-Sep-2021 12pm · a month ago

.......

အကြောင်းတရား မျိုးစုံကြောင့် အခြေအနေဆိုးတွေကို အချိန်အတော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှုတွေလည်း ပိုပိုပြီး ကြုံတွေ့လာကြရပါတယ် ။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာ​ကြောင့် အခြေခံ လုပ်သားပြည်သူတွေ အဖို့တော့ အတော်လေး ဘဝကို ရုန်းကန်းဖြတ်သန်းနေရတဲ့ အချိန်တွေပါပဲ ။ 

https://s9.kh1.co/__image/w=650,h=487,q=100/b6/b6ac4aab52d8f6223cc1433690504726b63c32b1.jpeg
Photo Credit : ဈေးလျော့ရောင်း Facebook Page 
https://s9.kh1.co/__image/w=650,h=488,q=100/94/941c1ae196bbce8eeff7776f2787e9b661ac83e2.jpeg
Photo Credit : ဈေးလျော့ရောင်း Facebook Page 

ဒါကြောင့်လည်း ပြည်သူတွေအချင်းချင်း ဒီလို အဆင်မပြေမှုတွေအတွက် ခုဆိုရင် အစားအေသာက်တွေ ၊ ဆေးဝါးတွေ အခမဲ့ လှူဒါန်းပေးလာကြသလို ဈေးတွေလျော့ကာ အများပြည်သူဝယ်နိုင်အောင် ပြုလုပ်ပေးလာကြတာကိုတွေ့ရပါတယ် ။ ဈေးလျော့ရောင်းဆိုတဲ့ အစီအစဉ်ကို ရန်ကုန်မှာ စတင်ပြုလုပ်ခဲ့တဲ့ လူငယ် အဖွဲ့လေးဟာဆိုရင်လည်း ခုဆိုရင် နေရာ အစုံနီးပါးကို သွားရောက်ပြီး ငွေငါးဆယ်ကျပ်တည်းနဲ့ စားသောက်ကုန်တွေကို ရောင်းချပေးနေတာတွေ့ရပါတယ် ။

https://s9.kh1.co/__image/w=650,h=487,q=100/c3/c33968ff40fbcfdfeee4451c88f7525a30a77e8f.jpeg
Photo Credit : ဈေးလျော့ရောင်း Facebook Page 
https://s9.kh1.co/__image/w=650,h=487,q=100/24/24c00abef6ff2815cdafa139c8a998b8580f4adb.jpeg
Photo Credit : ဈေးလျော့ရောင်း Facebook Page 

​အခုလည်း ငွေငါးဆယ်ကျပ်နဲ့ စားသောက်ကုန်များကို အဆင်မပြေတဲ့ ပြည်သူတွေကို ရောင်းချပေးခဲ့ပြီး လာဝယ်ကြတဲ့ သူတွေ အထဲမှာ သက်ကြီးရွယ်အိုတွေ ပါပါက အိမ်အထိပါ လိုက်ပို့ပေးရင်း ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာကိုတွေ့ရပါတယ် ။ ဒီပုံရိပ်တွေက ကြည့်မိသူတိုင်းကို ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ အထိပါပဲ ။ ပရိသတ်ကြီးအတွက် ဈေးလျော့ရောင်း အဖွဲ့က လူငယ်လေးတွေရဲ့ လေးစား စရာ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

https://s9.kh1.co/__image/w=650,h=487,q=100/c4/c44381757e7c3163ddf62225a11efa452c2fcfeb.jpeg
Photo Credit : ဈေးလျော့ရောင်း Facebook Page 
https://s9.kh1.co/__image/w=650,h=487,q=100/d0/d0f545e0b9b524e65da77a520c7cad4fc7c21d6e.jpeg
Source & Photo Credit : ဈေးလျော့ရောင်း Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်ဆောင်းပါး