သူမအတွက်စိတ်ပူနေကြတဲ့ ပရိသတ်တွေကို လုံခြုံအေးချမ်းတဲ့နေရာမှာ ရောက်ရှိနေကြောင်း ဓာတ်ပုံလေးတွေနဲ့အတူ သက်သေပြလာတဲ့ မအေးသောင်း

//s9.kh1.co/e2/e247d430bf2335e0b92c52df276df1cfc209e558.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူခြင်းခံခဲ့ရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သလို အကြမ်းဖက်မှုတွေကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ 

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

စကစဘက်မှ သူမကိုအမှုပြန်လည်ရုပ်သိမ်းထားပေမယ့်လည်း အေးဝတ်ရည်သောင်းကတော့ လတ်တလောမှာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတာ ဖြစ်ပြီး ပြည်သူတွေကလည်း စိတ်ပူနေကြတာပါ။ မအေးသောင်းကတော့ သူမအတွက်စိတ်ပူနေကြတဲ့ ပရိသတ်တွေကို လုံခြုံအေးချမ်းတဲ့နေရာမှာ ရောက်ရှိနေကြောင်း ဓာတ်ပုံလေးတွေနဲ့အတူ သက်သေပြလာတာပါနော်။ 

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

တောင်တန်းတွေနဲ့ အေးချမ်းတဲ့ဘေးလွတ်ရာမှာ ရောက်ရှိနေကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဓာတ်ပုံလေးတွေ ဝေမျှထားသလို ပြည်သူတွေ ငြိမ်းချမ်းစေဖို့ကိုလည်း ဆုတောင်းထားပါသေးတယ်။ သူမရဲ့ပို့စ်အောက်မှာတော့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်ဆွေသူငာ်ချင်းပရိသတ်တွေကလည်း အားပေးစကားပြောရင်း ဘေးကင်းလုံခြုံစေဖို့ကိုလည်း ပြန်လည်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

သတင်း အရင်းအမြစ်Aye Thaung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T