ပိုင်တံခွန်ရဲ့ မွေးနေ့မှာ တစ်ချိန်က အမှတ်ရဆုံး ပုံရိပ်တွေနဲ့အတူ ဆုမွန်ကောင်းလေး တောင်းပေးလာတဲ့ မအေးသောင်း - Myanmarload

ပိုင်တံခွန်ရဲ့ မွေးနေ့မှာ တစ်ချိန်က အမှတ်ရဆုံး ပုံရိပ်တွေနဲ့အတူ ဆုမွန်ကောင်းလေး တောင်းပေးလာတဲ့ မအေးသောင်း

https://s9.kh1.co/63/6324400733ce1091ad623deb7e3a3527aa800b9d.jpeg
အနုပညာရှင်များ
 17-Sep-2021 12pm · a month ago

.....

ပြည်တွင်း ပရိသတ်တွေ သာမက ပြည်ပက ပရိသတ်တွေအားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ပိုင်တံခွန်က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အစွမ်းကုန် ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့ရပါတယ် ။

https://s9.kh1.co/__image/w=650,h=434,q=100/e5/e5b8a6020f73daa723d6e540d3457ea8dbcedb96.jpeg
Photo Credit : Aye Thaung Facebook Page

ဒါကြောင့်လည်း  ပိုင်တံခွန်ခမျာ ပုဒ်မ (၅၀၅ - က ) နဲ့ တရားစွဲဆိုခံရပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့သူဖြစ်တာကြောင့် ပြည်သူတွေကလည်း သူအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဒီကနေ့ အထိပါပဲ ။

https://s9.kh1.co/__image/w=650,h=434,q=100/b9/b9d39a3b369858f48710731b16ce09ec3415fa16.jpeg
Photo Credit : Aye Thaung Facebook Page
https://s9.kh1.co/__image/w=650,h=866,q=100/cb/cbef49cc652fdd52613dfe00c385467b9d7155e3.jpeg
Photo Credit : Aye Thaung Facebook Page

ယနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ (၂၅) နှစ်ပြည့်မွေးနေ့ဖြစ်ရာ ပရိသတ်တွေရော အနုပညာရှင်တွေများစွာကပါ သတိတရ မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ် ။ အခုလည်း မအေးသောင်းက တစ်ချိန်က အမှတ်တရ ပုံရိပ်တွေနဲ့ အတူ " စိတ်သဘောကောင်းတဲ့မောင်လေး ဒီနှစ်မွေးနေ့မှာ အတူတူမရှိကြပေမဲ့ နောင်နှစ်မွေးနေ့မှာ ပိုပျော်ကြမယ်။ အမြန်ဆုံးလွတ်ကင်းပါစေ။ " ဆိုတဲ့ ဆုတောင်းစကားလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း တံခွန်တစ်ယောက် အမြန်လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

https://s9.kh1.co/__image/w=650,h=650,q=100/f2/f2bb9014aa7300f18dad936d5c8de76be210048a.jpeg
Source & Photo Credit : Aye Thaung Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်ဆောင်းပါး