Period ဖြစ်ချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၅)ခု - Myanmarload

Period ဖြစ်ချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၅)ခု

https://s9.kh1.co/6c/6c5c9a1b27551751908a85a17961a7a021b1eb93.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ
 14-Sep-2021 2pm · a month ago

Period ဖြစ်ချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်မလဲ

တစ်လတစ်ခါ Period ဖြစ်ချိန်မှာ စိတ်ညစ်လွယ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်သင့်သလို ကိုယ့်စိတ်ကိုယ် အလိုလိုက်ပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြီး ဇိမ်ကျကျနေသင့်ပါတယ်။ Period ဖြစ်ချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာလေးကို ဝေမျှပေးလိုက်ပါတယ်နော်

https://s9.kh1.co/__image/w=650,h=445,q=100/83/8314557664c1f831365439624733207ed0b936da.jpg
Photo credit from Google 

အားဆေးသောက်ပါ။

https://s9.kh1.co/__image/w=650,h=373,q=100/32/32f6fcdef8dc5e8a133e879976376fdd7d036fb5.jpg
Photo credit from Google 

သွေးအားကောင်းဆေးတွေသောက်ပါ။ အာဟာရပြည့်အောင်စားပါ။ ကိုယ်က အားနည်းလာတာနဲ့ စိတ်က အလိုလို နေရခက်လာပါတယ်။ နေ့စဉ်ပုံမှန်အတိုင်း အချိန်မှန်အိပ် ၊ အချိန်မှန်စားဖို့လိုအပ်ပါတယ်။

ကိုယ်ကြိုက်တဲ့ Series လေးတွေကြည့်ပါ။ 

https://s9.kh1.co/__image/w=650,h=447,q=100/cb/cbb827a74a06861465578800b4b0d1efd688c21a.jpg
Photo credit from Google 

ဒီအချိန်မှာကြည့်ဖို့ ဇာတ်ကားတွေစုထားပါ။ တစ်ခုခုတွေးမိတော့မယ်ဆိုရင် ဒီကားတွေကြည့်ပါ။ တစ်ခြားဇာတ်ကားတွေကြည့်ရင်လည်း စိတ်ပေါ့ပေါ့လေးဖြစ်ဖို့ ကြိုးစားကြည့်ပါ။ 

ရေနွေးအိတ်ကပ်ပေးပါ။

https://s9.kh1.co/__image/w=650,h=444,q=100/b6/b61aed5d463c24bd6eaff1c5c46513cfb4319d58.jpg
Photo credit from Google 

 နာကျင်ကိုက်ခဲတဲ့အခါ ဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။

အစားအသောက်သတိထားပါ။ 

https://s9.kh1.co/__image/w=650,h=400,q=100/fa/fa59d3d30f82f8875bb08f9e825d050709a9abba.jpg
Photo credit from Google 

အဆီများတဲ့အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေက ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တာကြောင့် ရှောင်ကြဉ်ဖို့လိုပါမယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/d9/d93b264fa3b188b15f80ead021fda375548f48b6.jpg
Photo credit from Google 

ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်းရပါတယ်။ ဒီလိုလုပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ 

Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး