မြောက်ဒဂုံက အကူညီလိုအပ်နေတဲ့ အိမ်ခြေ (၁၀၀) စာအတွက် အလှူငွေတွေ ရက်ရက်ရောရောလှူဒါန်းပေးခဲ့တဲ့ မမဆောင်းရဲ့ဗီဒီယို - Myanmarload

မြောက်ဒဂုံက အကူညီလိုအပ်နေတဲ့ အိမ်ခြေ (၁၀၀) စာအတွက် အလှူငွေတွေ ရက်ရက်ရောရောလှူဒါန်းပေးခဲ့တဲ့ မမဆောင်းရဲ့ဗီဒီယို

https://s9.kh1.co/f4/f4e863ffa381f730c2cc388fed333d716ade7571.png
အနုပညာရှင်များ
 13-Sep-2021 4pm · 3 months ago

..

စကားပြောပွင့်လင်းပြီး ရိုးသားတဲ့မမဆောင်းတစ်ယောက် ဒီနေ့မှာလည်း သူမရဲ့ We Love တွေနဲ့အတူ မြောက်ဒဂုံ အောင်ချမ်းသာ (၄) ရပ်ကွက်က အိမ်ခြေ (၁၀၀) စာအတွက် အလှူငွေတွေလှူဒါန်းပေးခဲ့ပါ တယ်။ မြန်မာဝတ်စုံလေးတွေကို မြတ်မြတ်နိုးနိုးဝတ်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အမျိုးမျိုးစနောက်တတ်တဲ့ မမဆောင်းဟာ လိုအပ်နေတဲ့ပြည်သူတွေအတွက်ကိုလည်း လက်မနှေးဘဲ ရက်ရက်ရောရော လှူဒါန်းပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=851,q=100/6a/6a5fd6ab63188482960f0f175859902d2b099172.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=867,q=100/ca/cacf192f487c97baf417109ac059bc589bccc4d0.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=877,q=100/4a/4a0d4339e4ea200baf167e06d310033511418347.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=799,q=100/43/436f69549135e1bb951048848545e942ad3f7eff.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=867,q=100/90/90edd5081470a26f5c5832dfe889750b7e5bbeba.jpg
Photo Credit - မမဆောင်း's FB Acc

သူမရဲ့အလှူလေးကို Live လွှင့်ပြီး အားလုံးမုဒိတာပွားနိုင်အောင် ဝေမျှပေးခဲ့ပါသေးတယ်။ သူမကိုချစ်တဲ့ We Love တွေနဲ့အတူ အလှူလုပ်ခဲ့တဲ့ပုံလေးတွေကိုလည်း လူမှုကွန်ယက်မှာ ထပ်မံတင်ခဲ့ပါသေးတယ်။ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ခဲ့ပြီး ကိုယ်ရတဲ့ အနုပညာကြေးတွေကိုလည်း လိုအပ်နေသူတွေ အတွက် ပြန်လည်လှူဒါန်းပေးခဲ့တာလည်း ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပါ။ မမဆောင်းရဲ့အလှူအတွက် သာဓုခေါ်ကြတဲ့ ပရိသတ်တွေလည်း မနည်းမနောပါပဲ။

https://s9.kh1.co/__image/w=650,h=867,q=100/f2/f29c448b8ed0f712c4e27238eff851a89e3c4a83.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=640,h=1416,q=100/13/1328c0b3db7c74188cb707d8aefa7bf0fa23e09f.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=488,q=100/5c/5c359f9de9be2bcc8c4b6b085fba6ad4fd264af1.jpg
Photo Credit - မမဆောင်း's FB Acc
https://s9.kh1.co/__image/w=650,h=867,q=100/8f/8fcd03347df6ca1d78780c6f1cd54a761383a0f5.jpg
Photo Credit - မမဆောင်း's FB Acc

လက်ရှိမှာ လူတိုင်းနီးပါးကျပ်တည်းနေကြတာကြောင့် ပိုပြီးခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေကို အခုလိုလှူဒါန်းပေးတာ တကယ်ကိုကောင်းမွန်ပါတယ်။ ကိုယ်လှူလိုက်တဲ့ ဒါနလေးကြောင့် အဆင်မပြေတဲ့အခိုက်အတန့်တွေကို ခဏပဲဖြစ်ဖြစ် ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ တကယ်ကို ပီတိဖြစ်စရာပါ။ နောက်လည်းဒီထက်မကတဲ့ အလှူတွေကို လုပ်နိုင်ပါစေ မမဆောင်းရေ။

https://s9.kh1.co/__image/w=650,h=488,q=100/b9/b951870f62eb97688ff6adab90336c56dd9244cd.jpg
Photo Credit - မမဆောင်း's FB Acc

သတင်းအရင်းအမြစ်မမဆောင်း's FB Acc

Yee Mon Oo
Candy

ဆက်စပ်ဆောင်းပါး